အင်လျားကန်ဘောင်မှာ ဗုံးလန့်

လက်ပစ်ဗုံးပုံစံ ပြုလုပ်ထားတဲ့မီးခြစ်ကို စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း (GE) တပ်က ယူသွားပြီး စစ်ဆေးနေပါတယ်။
ရန်ကုန်မြို့ ပြည်လမ်း အင်းလျားကန်ဘောင် မှာ ဇွန် ၁၂ ရက် မွန်းလွဲ ၁ နာရီလောက်က လက်ပစ်ဗုံးပုံစံ ပြုလုပ်ထားတဲ့ မီးခြစ် တွေ့ရှိမှုကြောင့် ဗုံးလန့်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဘီဘီစီကို ပြောပါတယ်။

အင်းလျားကန်ဘောင် လှေကားအဆင်းအနီး မြတ်ရိတ်နေတဲ့သန့်ရှင်းရေးဝန်ထမ်း အမျိုးသားတစ်ဦးက လက်ပစ်ဗုံးလို့ ယူဆရတဲ့ အရာတစ်ခုကို တွေ့ရှိခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ကိုအကြောင်းကြားခဲ့တာလည်း ဖြစ်ပါတယ်။

"လက်ပစ်ဗုံးနဲ့ ပုံစံတူတဲ့ ဂတ်စ်မီးခြစ်ပါ အခု တော့ ရှင်းပြီးသွားပါပြီလို့" ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့ က ဒုရဲအုပ်သျှိုင်းထက် ပြောပါတယ်။

အင်းလျားကန်ဘောင်ကို အမှတ် ၉၀၅ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း မိုင်းရှင်းလင်းရေး (BOMB SQUAD) တပ်ဖွဲ့က တာဝန်ရှိသူတွေလာ ရောက်ပြီး ရှင်းလင်းစစ်ဆေးခဲ့တာဖြစ်ပါတယ်။

"အင်းလျားကန်ဘောင် တစ်ဝိုက်ကိုလည်း ရှင်းလင်းရေး လုပ်တယ်။ ဘာမှ မရှိတော့ပါဘူး" လို့လည်းရဲတပ်ဖွဲ့တာဝန်ရှိသူ တစ်ဦးက ပြော ပါတယ်

အဲဒီလက်ပစ်ဗုံးနဲ့ ပုံစံတူတဲ့ အရာကို စစ်ဆေးတဲ့အခါ လက်ပစ်ဗုံးပုံစံ လုပ်ထားတဲ့ သုံးမရတော့တဲ့ ဂတ်စ်မီးခြစ်ဖြစ်တယ်လို့လည်းရဲတပ်ဖွဲ့ကပြောပါတယ်။

BBC Burmese
https://www.bbc.com
အင်လျားကန်ဘောင်မှာ ဗုံးလန့် အင်လျားကန်ဘောင်မှာ ဗုံးလန့် Reviewed by THITHTOOLWIN on 21:16 Rating: 5
Powered by Blogger.