ကားနဲ့ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက်မိရာမှအမျိုးသမီးတစ်ဦးသေဆုံးမှုဖြစ်ပွား


တောင်တွင်းကြီး ဇွန် ၁၇

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင်ဇွန်၁၆ရက့်ညနေ (၅ - ၃၀ ) နာရီအချိန်ခန့်က ​တောင်​တွင်းကြီးမြို့၏အ​နောက်​ဘက်​(၅)မိုင်​ခန့်​အကွာတွင်တလုပ်​ပင်​​ကျေးရွာအနီး၌ ယာဉ်​တိုက်​မှုဖြစ်​ပွားခဲ့ကြောင်းသိရသည်။

ဖြစ်​စဉ်​မှာ-​တောင်တွင်းဘက်မှ မ​​​ကွေးဘက်သို့ ​သန့်ဇင်​မင်း(သ)၃၈ နှစ် ၊လက်​ပံရှည်​​ကျေးရွာ၊​တောင်​တွင်းကြီးမြို့နယ်​​နေသူသည်​ 7J------ Light Truck Bongo-အဖြူ​ရောင်​(၆)ဘီးယာဉ်​အား​မောင်းနှင်​လာစဉ်​ မ​ကွေး-​တောင်​တွင်းကြီးကားလမ်း၊တလုပ်​ပင်​​ကျေးရွာအနီး၊မိုင်​တိုင်​အမှတ်​(၂၈၄/၈)အ​ရောက်​တွင်​ အရှိန်​မထိန်းနိုင်​ဘဲ တစ်​ဘက်​ယာဉ်​​ကြောသို့​ရောက်​ရှိသွားပြီး မျက်​နှာချင်းဆိုင်​ မ​ကွေးဘက်​မှ​တောင်​တွင်းဘက်​သို့ ​အောင်​ကိုနိုင်​(သ)၂၀ နှစ်​ ၊ဥက္ကလာပ​ကျေးရွာ၊​တောင်​တွင်းကြီးမြို့နယ်​​နေသူ​မောင်းနှင်​ပြီး ​နောက်​တွင်​ မိခင်​ဖြစ်​သူ ​ဒေါ်မြင့်​မြင့်​မူ(သ)၅၆ နှစ်​ လိုက်​ပါလာသည့်​ နံပါတ်​မပါ Dayang-125 အနက်​​ရောင်​ဆိုင်​ကယ်​အား ဝင်​​ရောက်​တိုက်​မိသဖြင့်​ သန့်​ဇင်​မင်းတွင် ဦး​ခေါင်းယာဘက်​​ပေါက်​ပြဲဒဏ်​ရာ(မစိုးရိမ်​ရ) ​အောင်​ကိုနိုင်​တွင်​ ​နောက်​​ကျော​စုတ်ျ​ပဲဒဏ်​ရာ၊ယာ​ခြေဖဝါးစုတ်​ပြဲဒဏ်​ရာ၊ယာ​ခြေသလုံးပွန်းပဲ့ဒဏ်​ရာ(မစိုးရိမ်​ရ) ​ဒေါ်မြင့်​မြင့်​မူတွင်​ ယာ​ခြေဖ​နောင့်​ကွဲအက်​ဒဏ်​ရာ၊ယာ​ခြေမစုတ်​ပြဲဒဏ်​ရာ၊ယာ​ခြေသလုံးရိုးဖူး​ရောင်​ဒဏ်​ရာ၊ယာဦး​ခေါင်းခွံကွဲအက်​ဒဏ်​ရာများ(စိုးရိမ်​ရ)တို့ ရရှိခဲ့ပြီး ​ဒေါ်မြင့်​မြင့်​မူမှာ ရရှိ​သောဒဏ်​ရာများဖြင့်​အခင်းဖြစ်​​နေရာတွင်​​သေဆုံးသွား​ခဲ့ကြောင်းသိရသည်​။

အဆိုပါယာဉ်​တိုက်​မှုနှင့်​ပတ်​သက်​၍ ယာဉ်​အား အရှိန်​ပြင်းစွာ မဆင်​မခြင်​​မောင်းနှင်​ပြီး တစ်​ဘက်​ယာဉ်​​ကြောမှ ​မောင်းနှင်​လာ​သော ဆိုင်​ကယ်​အားဝင်​​ရောက်​တိုက်​ခဲ့သူ သန့်​ဇင်​မင်းအား ​တောင်​တွင်းကြီးမြို့မရဲစခန်းက အမှုဖွင့်​အ​ရေးယူ​ဆောင်​ရွက်​လျှက်​ရှိ​ကြောင်းသိရသည်​။

နိုင်ဝင်း(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကားနဲ့ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက်မိရာမှအမျိုးသမီးတစ်ဦးသေဆုံးမှုဖြစ်ပွား ကားနဲ့ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက်မိရာမှအမျိုးသမီးတစ်ဦးသေဆုံးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 23:11 Rating: 5
Powered by Blogger.