ကျောက်တန်းရွာသားတွေ သေဆုံးမှု အစီရင်ခံစာ အစိုးရထံ တင်သွင်း

ကျောက်တန်းရွာသား ကိုအောင်လင်းကျော်ရဲ့ ရုပ်အလောင်းကို မြောက်ဥက္ကလာပဆေးရုံ ရင်ခွဲရုံကနေ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ကို ၂၀၁၉ မေ ၁၆ ရက်နေ့က သယ်ဆောင်စဉ် / ဓါတ်ပုံ - မင်းစောမင်း ဖေ့စ်ဘွတ်
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှာ တပ်မတော်က ဖမ်းဆီးစစ်ဆေးနေစဉ် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ရွာသားတွေကိစ္စကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က မြေပြင်စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာကို အစိုးရဆီ တင်ပြလိုက်ပါတယ်။

နိုင်ငံတော်သမ္မတရုံး၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့ဆီ ပေးပို့လိုက်ပြီလို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင် RFA ကို အတည်ပြု ပြောပါတယ်။

ကျောက်တန်းရွာမှာ ရက္ခိုင့်တပ်တော် AA နဲ့ပတ်သက်လို့ သံသယရှိသူ ၂၇၅ ဦးကို တပ်မတော်က ဧပြီ ၃ဝ ရက်နေ့က စတင်ထိန်းသိမ်းစစ်ဆေးခဲ့ပါတယ်။

အဲဒီလို စစ်ဆေးနေစဉ်အချိန်ကာလအတွင်း မေလ နှစ်ရက်ညပိုင်းမှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့လို့ ရွာသား ခြောက်ဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလ ကုန်ပိုင်းလောက်မှာ ကော်မရှင်အဖွဲ့ဝင်တွေက သုံးရက်ကြာ မြေပြင်ကွင်းဆင်းစစ် ဆေးခဲ့တာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။

RFA Burmese
https://www.rfa.org
ကျောက်တန်းရွာသားတွေ သေဆုံးမှု အစီရင်ခံစာ အစိုးရထံ တင်သွင်း ကျောက်တန်းရွာသားတွေ သေဆုံးမှု အစီရင်ခံစာ အစိုးရထံ တင်သွင်း Reviewed by THITHTOOLWIN on 00:41 Rating: 5
Powered by Blogger.