၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြည်နယ် နှင့် တိုင်းဒေသကြီးအလိုက် တစ်နိုင်ငံလုံးအောင်ချက်ရာခိုင်နှုန်း ၃၁.၄၄ရှိကြောင်း သိရ

၂၀၁၉ ခုနှစ် ဆယ်တန်း အောင်စာရင်းကြည့်ရှုသူများအားတွေ့ရစဉ် (ဆင်ဟွာ)
 ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ)

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြည်နယ် နှင့် တိုင်းဒေသကြီးအလိုက် ဖြေဆိုသူပေါင်း ၈၅၁,၅၂၄ ယောက် ရှိပြီး အောင်မြင်သူပေါင်း ၂၆၇,၆၉၆ ယောက်ရှိကာ၊  ရာခိုင်နှုန်းအားဖြင့် ၃၁.၄၄ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ၆ဘာသာဂုဏ်ထူးရှင် ၅၃၇ ဦး၊ ၅ဘာသာဂုဏ်ထူးရှင် ၁၁၆၇ ဦး၊ ၄ဘာသာဂုဏ်ထူးရှင် ၁၇၂၈ဦး၊ ၃ဘာသာဂုဏ်ထူးရှင် ၃၁၅၀ ဦး၊ ၂ဘာသာဂုဏ်ထူးရှင် ၇၁၃၄ဦး၊ ၁ဘာသာ ဂုဏ်ထူးရှင် ၂၉,၃၀၆ ဦးရှိကြောင်း သိရသည်။

နိုင်ငံခြားစာစစ်ဌာန ၂၁ ခုအပါအဝင် စာစစ်ဌာန ပေါင်း ၁၈၈၆ ခုရှိခဲ့ကြောင်း သိရသည်။ နိုင်ငံခြားစာစစ်ဌာန ၂၁ ခုတွင် ဖြေဆို သူ ၉၉ ဦးတွင် အောင်မြင်သူ ၈၈ ဦးရှိပြီး ရာခိုင်နှုန်း အားဖြင့် ၄၆.၂၂ ရာခိုင်နှုန်း ရှိကာ အောင်ချက်ရာခိုင်နှုန်း အများဆုံး ဖြစ်သည်။

ပြည်နယ် နှင့် တိုင်းဒေသကြီးတို့ တွင် ၂၁၀၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ မွန်ပြည်နယ်က ၃၇.၅၄ ရာခိုင်နှုန်းအောင်မြင်ခဲ့ကာ အောင်ချက်အကောင်းဆုံးအဖြစ်ရပ်တည်ခဲ့ပြီး၊မန္တလေးတိုင်းဒေသကြီး က၃၆.၁၃ ဖြင့် ဒုတိယ၊ စစ်ကိုင်းတိုင်းဒေသကြီး က ၃၄.၁၅ ရာခိုင်နှုန်းဖြင့် တတိယ ဖြင့် ထိပ်ဆုံး၌ အသီးသီးရပ်တည်ခဲ့သည်။
အောင်ချက်ရာခိုင်နှုန်းပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ-- ပညာရေးဝန်ကြီးဌာန) 
တနင်္သာရီ တိုင်းဒေသကြီးက  အောင်ချက်ရာခိုင်နှုန်း ၃၃.၇၈ ရာခိုင်နှုန်းဖြင့် စတုတ္ထနေရာနှင့်  ရန်ကုန်တိုင်းဒေသကြီး က အောင်ချက်ရာခိုင်နှုန်း ၃၂.၆၃ ရာခိုင်နှုန်းဖြင့် ပဉ္စမ နေရာတို့တွင်ရပ်တည်ခဲ့သည်။

၂၀၁၈ခုနှစ် တက္ကသိုလ်ဝင်သာမေးပွဲ အား ပြည်နယ် နှင့် တိုင်းဒေသကြီးအလိုက် စာစစ်ဌာနပေါင်း ၁၇၄၂ ခုတွင် ဖြေဆိုသူပေါင်း ၇၈၉,၈၄၅ ယောက်ရှိပြီး ၂၅၉,၁၉၃ ဦးအောင်မြင်ခဲ့ကာ ရာခိုင်နှုန်းအားဖြင့် ၃၂.၈၂ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြည်နယ် နှင့် တိုင်းဒေသကြီးအလိုက် တစ်နိုင်ငံလုံးအောင်ချက်ရာခိုင်နှုန်း ၃၁.၄၄ရှိကြောင်း သိရ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြည်နယ် နှင့် တိုင်းဒေသကြီးအလိုက် တစ်နိုင်ငံလုံးအောင်ချက်ရာခိုင်နှုန်း ၃၁.၄၄ရှိကြောင်း သိရ Reviewed by THITHTOOLWIN on 01:57 Rating: 5
Powered by Blogger.