ဆိုင်ကယ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်မိ၍ လူတစ်ဦးအခင်း ဖြစ်နေရာ၌ သေဆုံး


သာစည် ဇွန် ၁၃

မိတ္ထီလာခရိုင် သာစည်မြို့နယ် မင်းလှကျေးရွာအနီး သာစည်-ညောင်ရမ်းသွားကားလမ်းတွင် ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆို င်တိုက်မိ၍ လူတစ်ဦး အခင်းဖြစ်နေရာ၌ သေးဆုံးခဲ့ကြောင်း သာစည်မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ဇွန် ၁၃ရက် ၁၂နာရီ ၅ဝမိနစ်အချိန်ခန့်တွင် သာစည်-ညောင်ရမ်းသွားကားလမ်း မီးရထားလမ်းကူးအလွန် ဟင်္သာတကျောင်းတိုက်အဝင်လမ်းဆုံအနီးတွင် တောင်မှမြောက်သို့ ယာဉ်မောင်း ကိုလှဦး ဘုရားလေးကုန်းကျေးရွာ သာစည်မြို့နေသူ မောင်းနှင်လာသော ဆိုင်ကယ်အမှတ် ၄ယ/----- ကန်ဘို ၁၁၀ နီနက်ကြားရောင်ဆိုင်ကယ် နှင့် မြောက်မှ တောင်သို့ သာစည်မြို့နယ် ညောင်ရမ်းကျေးရွာနေ ဝင်းမိုးအောင် မောင်းနှင်လာသော ၁ဝယ/----- လော့ဂျာ ၁၁၀ အမျိုးအစား နက်ပြာရောင်ဆိုင်ကယ်တို့ ရွာလမ်းအလယ်တွင် မျက်နှားချင်းဆိုင်တိုက်မိခဲ့ရာမှ ကိုလှဦးတွင် ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ဝင်းမိုးအောင်တွင် ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သာစည်မြို့မရဲစခန်းမှူးထံမှ သိရသည်။

ဆိုင်ကယ်အား မဆင်မခြင်မောင်းနှင်သူ ကိုလှဦးနှင့် ဝင်းမိုးအောင်အား သာစည်မြို့မရဲစခန်းက အရေးယူဆောင်ရွက် လျက်ရှိကြောင်း စုံစမ်းသိရသည်။

ဘိုဘို(မလှိုင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဆိုင်ကယ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်မိ၍ လူတစ်ဦးအခင်း ဖြစ်နေရာ၌ သေဆုံး ဆိုင်ကယ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်မိ၍ လူတစ်ဦးအခင်း ဖြစ်နေရာ၌ သေဆုံး Reviewed by THITHTOOLWIN on 00:49 Rating: 5
Powered by Blogger.