အရေးပေါ် ဆင်းခဲ့ရတဲ့ အိန္ဒိယ လေယာဉ်ပေါ်က ဗုံးက တကယ့်ဗုံးမဟုတ်

အသံထက် မြန်တဲ့နှုန်းနဲ့ ဗြိတိသျှ တိုက်လေယာဉ် နှစ်စင်းက အိန္ဒိယလေယာဉ်ကို ခြံရံ ခေါ်ဆောင်ခဲ့ရ
အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ကနေ အမေရိကန်နိုင်ငံ နျူးအာ့ခ်မြို့ဆီ ပျံသန်းလာတဲ့ အဲယား အိန္ဒိယ လေကြောင်းပိုင် လေယာဉ်ပေါ်မှာ ဖြစ်ခဲ့တဲ့ ဗုံးလန့်မှုဟာ လိမ်ညာ ခြိမ်းခြောက်မှုတစ်ခုသာ ဖြစ်တယ်လို့ လေကြောင်း တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။

ဗုံးလန့်မှု ဖြစ်ခဲ့အပြီးမှာ အဲဒီ ဘိုးအင်း 777 အမျိုးအစား ခရီးသည်တင် လေယာဉ်ကို ဗြိတိန်နိုင်ငံ စတန်းစတက် လေဆိပ်မှာ လမ်းကြောင်းပြောင်း အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။

လေဆိပ်ရဲ့ သီးသန့်နေရာ တစ်ခုမှာ ရပ်နားထားပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

ဗြိတိသျှ တိုင်ဖွန်း တိုက်လေယာဉ် နှစ်စင်းက အသံထက် မြန်တဲ့နှုန်းနဲ့ အမြန်သွားရောက်ပြီး အဲဒီလေယာဉ်ကို ခြံရံခေါ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဗုံးအန္တရာယ် ရှိနေတယ်လို့ အဲယား အိန္ဒိယ လေကြောင်းက တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ရေးခဲ့ပြီး နောက်ပိုင်းမှာ ပြန်ဖျက်လိုက်ပါတယ်။

BBC Burmese
https://www.bbc.com
အရေးပေါ် ဆင်းခဲ့ရတဲ့ အိန္ဒိယ လေယာဉ်ပေါ်က ဗုံးက တကယ့်ဗုံးမဟုတ် အရေးပေါ် ဆင်းခဲ့ရတဲ့ အိန္ဒိယ လေယာဉ်ပေါ်က ဗုံးက တကယ့်ဗုံးမဟုတ် Reviewed by THITHTOOLWIN on 19:00 Rating: 5
Powered by Blogger.