ဝက်လက်မြို့တွင် အိပ်ယာထဲဆေးလိပ်သောက်ရာမှ မီးလောင်မှုဖြစ်ပွား၍ လူတစ်ဦးသေဆုံး


ဝက်လက် ဇွန် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့ အမှတ်(၃) ရပ်ကွက် ရွှေအိုးတွင်းရပ်တွင် ဇွန် ၁၇ ရက် နံနက် ၆ နာရီ ၃၀ မိနစ်က အိပ်ယာထဲဆေးလိပ်သောက်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့၍ လူတစ်ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့် က ပြောသည်။

ဝက်လက်မြို့နယ်မီးသတ်စခန်း၏ အရှေ့မြောက်ဘက် တစ်မိုင်ခန့်ကွာဝေးသည့် အမှတ်(၃) ရပ်ကွက် ရွှေအိုးတွင်းရပ်ရှိ ဦးမာလာရေကန်တောင်ဘက် ရေကန်ဘောင်ပေါ်တွင် မီးလောင်မှုဖြစ်ပွားနေကြောင်း သတင်းရသဖြင့် ဝက်လက်မြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမောင်းနိန် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင် (၄) ဦး ရဲတပ်ဖွဲ့ဝင် (၁၀) ဦးတို့ဖြင့် မီးလောင်မှုအားသွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရသောအကြောင်းအရင်းမှာ ဦးဖိုးဆန်း ( ၅၀) နှစ် သည်အရက်အလွန်အကျွံ
သောက်၍အိပ်ယာထဲတွင်ဆေးလိပ်သောက်ရာမှ ( ၄ × ၇ × ၃ ) ပေရှိ ထန်းရွက်မိုး ထန်းရွက်ကာ မြေစိုက်တဲအိမ်၏ ယိုင်လဲနေသော တဲပျက်၏ အမိုးသို့ မီးကူးစက်လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုအား ကျေးရွာနေပြည်သူ သုံးဦးမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီ ၄၂ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ဦးဖိုးဆန်း ၏ ( ၄ × ၇ × ၃ ) ပေ ထန်းရွက်မိုး ထန်းရွက်ကာ မြေစိုက်တဲအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ဦးဖိုးဆန်း မီးလောင်၍ သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်စပ်လျဉ်း၍ မီးပေါ့ဆသူ ဦးဖိုးဆန်း ( ၅ဝ)နှစ် အား ဝက်လက်မြို့မရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း ဝက်လက်မြို့မရဲစခန်းမှ သတင်းရရှိသည်။

မိုးသောက် (ရွှေဘို)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဝက်လက်မြို့တွင် အိပ်ယာထဲဆေးလိပ်သောက်ရာမှ မီးလောင်မှုဖြစ်ပွား၍ လူတစ်ဦးသေဆုံး ဝက်လက်မြို့တွင် အိပ်ယာထဲဆေးလိပ်သောက်ရာမှ မီးလောင်မှုဖြစ်ပွား၍ လူတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 23:10 Rating: 5
Powered by Blogger.