ချင်းတွင်းမြစ်အတွင်း အလောင်းတစ်လောင်းတွေ့


မုံရွာ၊ ဇွန် ၅

မုံရွာမြို့ ချင်းတွင်းမြစ်ကမ်း၌ ယနေ့နံနက်ပိုင်းက အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိခဲ့သည်။

ယင်းအမျိုးသားမှာအသက် ၃၈ နှစ်အရွယ်ခန့်ရှိကာ မုံရွာ မြို့ထန်းတောရပ်ကွက်မှ ရွှေပျံလွှားမော်တော် လုပ်သားတစ်ဦးဖြစ်ကြောင်း မော်တော်ပိုင်ရှင် ဦးနိုင်လင်းက အတည်ပြုသည်။

"ကျွန်တော်မော်တော်မှာလိုက်နေရင်း အရက်အရမ်းသောက်ပြီး အလုပ်မလုပ်လို့ မော်တော်ပေါ်က နှင်ချထားတာ" ဟု ဦးနိုင်လင်းက ပြောသည်။

သေဆုံးသူမှာ ဇွန် ၃ ရက်က အရက်မူးကာချင်းတွင်းမြစ်အတွင်းရေဆင်းချိုးရာမှ ပေါ်မလာတော့ခြင်းဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

မောင်လေးငယ်ငယ်
Monywa Gazette
https://www.facebook.com/monywagazette
ချင်းတွင်းမြစ်အတွင်း အလောင်းတစ်လောင်းတွေ့ ချင်းတွင်းမြစ်အတွင်း အလောင်းတစ်လောင်းတွေ့ Reviewed by THITHTOOLWIN on 02:06 Rating: 5
Powered by Blogger.