မိုးနဲမြို့၏ နှစ်ပေါင်း ရာကျော်သည့်မြို့အ၀င်ကြာဖူး အား အစိုးရစစ်တပ်ကားတစီးမှဝင်ရောက် တိုက်မိ


သျှမ်းသံတော်ဆင့်၊ဟွမ်ဟိန်း
ဇွန်လ ၃ ရက် ၂၀၁၉

မိုးနဲမြို့သမိုင်းဝင် မြို့အ၀င်ကြာဖူး အား အစိုးရစစ်တပ်ကားတစီးမှဝင်ရောက် တိုက်မိသဖြင့် သက်တမ်းကြာမြင့်ကြာဖူးတိုင် တခု ကြေမွပျက်စီးခဲ့ကြောင်းသိရသည်။

ဇွန်လ ၃ ရက် မွန်းလွဲ ၂ နာရီခန့်တွင် လင်းခေးဘက်မှလာသော ဦးညွန့်ဝေ ဆိုသူမောင်းနှင်သည့် (ဗ ၇၈၀၉)နံပတ်ရှိ တပ်ကားတစ်စီး မိုးနဲမြို့နယ် မိုက်ဟိုင်းအုပ်စု ၀မ်ကျိုင်းရွာ အနီး (မိုးနဲမှ နမ်စန်သို့အထွက်လမ်း)ရှိ စော်ဘွားခေတ်ကတည်းက အမှတ်အသားအဖြစ်ပြုလုပ်ထားသော မြို့အ၀င် ကြာဖူးတိုင် ၂ တိုင်အနက် လမ်းအရှေ့ဘက်တတိုင်အား တိုက်မိကာ ကြေမွပျက်စီးသွားခြင်းဖြစ်ကြောင်းသိရသည်။

စော်ဘွားခေတ်အဆက်ဆက်ကတည်းက မိုးနဲဒေသခံများ ထိန်းသိမ်းလာခဲ့သော သက်တမ်း နှစ်ပေါင်းရာကျော်သည့်အဆိုပါ မြို့အမှတ်အသား ကြာဖူးတိုင်ကြီးပျက်စီးသွားမှုအပေါ်ဒေသခံများ ၀မ်းနည်း မှုများခံစားနေရပြီး ၄င်းကြာဖူးတိုင်အား ကားမောင်းရင်း အိပ်ငိုက်သဖြင့် ကားမထိန်းနိုင်ဘဲတိုက်မိခြင်းဖြစ်ကြောင်း၊ မူလလက်ရာအတိုင်းပြန်ဖြစ်အောင် ပြန်ဆောက်ပေးမည်ဖြစ်ကြောင်းလည်း ကားသမားမှပြောဆိုခဲ့ကြောင်း လည်း မိုးနဲဒေသခံများကပြောဆိုပါသည်။

ရှေးဟောင်းကြာဖူးကြီးနှင့်ပါတ်သက်၍ မူလနေရာ၊မူလပုံစံအရွယ်အစားအတိုင်းပြန်တည်ဆောက်ရန်၊ မြို့စောင့်နယ်ရှင်နတ်များပြန်လည်တောင်းပန်ပသကိုးကွယ်ရန်၊ အန္တရယ်ကင်းပရိတ်တရားများသရဇ္ဇယ်ရွတ်ဆိုပူဇော်ရန် စသည်များဆောင်ရွက်ရန်ရှိပါကြောင်း ၊ ဇွန်လ ၄ ရက်နေ့ ၂၀၁၉ တွင် လိုအပ်ပစ္စည်းများစတင်စုဆောင်းပြီး လုပ်ငန်းများအမြန်ဆုံးစတင်ဆောင်ရွက်ပါမည်- ဟု မိုးနဲမြို့မှ ဒေသခံ စိုင်းမောင်ကြီးက ပြောသည်။

အဆိုပါ စစ်ကားသည် နမ့်စန်မြို့ ၉၃၁ တပ်မှ ကားဖြစ်ကြောင်းသိရသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
မိုးနဲမြို့၏ နှစ်ပေါင်း ရာကျော်သည့်မြို့အ၀င်ကြာဖူး အား အစိုးရစစ်တပ်ကားတစီးမှဝင်ရောက် တိုက်မိ မိုးနဲမြို့၏ နှစ်ပေါင်း ရာကျော်သည့်မြို့အ၀င်ကြာဖူး အား အစိုးရစစ်တပ်ကားတစီးမှဝင်ရောက် တိုက်မိ Reviewed by THITHTOOLWIN on 09:33 Rating: 5
Powered by Blogger.