်မူလွန်ကျောင်း တိုးမပေး၍ ကျောင်းသား ၄၀ကျော် ကျောင်းထွက်ရမည့် အခြေအနေ ရောက်နေ


မင်းကင်း၊ဇွန် - ၇

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် နှင်းကြီးကျေးရွာ တွင် မူလတန်းလွန်ကျောင်း အဆင့်တိုးမပေး၍ ကျောင်းသား၊ကျောင်းသူ ၄၀ကျော် ဆက်လက်ပညာသင်ရန် ခက်ခဲနေကြောင်း ဒေသခံများကပြောသည်။

၎င်းရွာတွင်မူလွန်အဆင့်တိုးရန် ၂၀၁၆-၁၇ပညာသင်နှစ်ကတည်းက ပညာရေးဝန်ကြီးဌာန ထံလျောက်သော်လည်း ချမပေး၍ ဒေသခံများမှ ယနေ့ သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့ကြသည်။


ယခင်က နှင်းကြီးရွာမှ ကျောင်းသားများသည် ၁မိုင်ခန့်ဝေးသော လက်ချိတ်ရွာ အလယ်တန်းကျောင်းသို့ ရေကြောင်း၊ ကုန်းကြောင်းမှ နေ့စဉ်ကျောင်းတက်နေရသည်ဟု ဒေသခံများကဆိုသည်။

"အရင်က စက်လှေမှောက်ပြီး ကျောင်းသားနှစ်ယောက်သေခဲ့တယ်၊တခြားရွာမှာ ကျောင်းတက်တဲ့အခါ ကျောင်းသူကျောင်းသားချင်း ရန်ပြုတာတွေလဲရှိတယ်"ဟု ကျောင်းသားမိဘ ဖြစ်သူဦးခင်မောင်ရွှေကြီးကပြောသည်။

နှင်းကြီးရွာ မူလတန်းကျောင်းတွင် ကျောင်းအုပ်ကြီးအပါအဝင် ၄ ဦးlကျောင်းသားကျောင်းသူ ၁၃၄ ဦးရှိပြီး ဆရာ၊ဆရာမလုံလောက်မှုဖြစ်ပေါ်နေသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး မင်းကင်းမြို့နယ် ပညာရေးမှူးဦးစီးမှူးဦးသန်းဝင်းက"ကျွန်တော်တို့ဘက်ကလဲ တတ်နိုင်သလောက်လုပ်ပေးတယ်။ပညာရေးလိုင်းအတိုင်း သွားတယ်။တခြားကျောင်းတက်တဲ့အခါမှာ ရန်ဖြစ်တာတွေရှိလို့ ကျွန်တော်တို့နဲ့လွှတ်တော်ကိုယ်စားလှယ်တွေlမြို့နယ်တာဝန်ရှိသူတွေပေါင်းပြီး အလယ်တန်းယာယီသင်ပြပေးဖို့ ခွင့်ပြုပေးထားတယ်"ဟု ပြောသည်။

၎င်းကျေးရွာတွင် အလယ်တန်းအဆင့်သင်ပေးရန် ပြင်ပမှ ဆရာ ၃ဦး အားတစ်လ ၁သိန်းခွဲ ပေးငှါး၍ သင်ကြားစေပြီး ယခုနှစ်တွင် ဒေသခံများမှ မငှါးနိုင်တော့သဖြင့် ကျောင်းသားများ ပညာဆက်မသင်နိုင်တော့ကြောင်း ကျေးရွာ မူလတန်းကျောင်းအုပ်ကြီး ဦးကျော်သက်အောင်က ပြောသည်။

မူလတန်းကျောင်းအား မူလွန်ကျောင်းအဖြစ် အဆင့်မြှင့်တိုးပေးရန် ဒေသခံရွာသားများအနေဖြင့် ၂၀၁၉ ခုနှစ် မေလ ၂၇ ရက်နေ့က ပညာရေးဌာနသို့ လည်းကောင်းlနိုင်ငံတော်အတိုင်ပင်ခံရုံးသို့ လည်းကောင်း တင်ပြခဲ့ပြီး ယခင်ကမြို့နယ် စီမံခန့်ခွဲမှုကော်မတီသို့ လည်းကောင်းlလွှတ်တော်ကိုယ်စားလှယ်များထံသို့ လည်းကောင်း အသီးသီးတင်ပြခဲ့ကြောင်း သိရသည်။

သတင်းစာရှင်းလင်းပွဲကို နှင်းကြီးကျေးရွာတာဝန်ခံဦးထွန်းထွန်းနိုင်lမူလတန်းကျောင်းအုပ်ကြီးဆရာဦးကျော်သက်အောင်၊ကျောင်းသားမိဖဖြစ်သူဦးခင်မောင်ရွှေကြီးတို့ ဦးဆောင်ပြီး ဒေသခံ ၃၀ ကျော်တို့က ပူးပေါင်းပါဝင်ခဲ့ကြသည်။

ကိုထက်
Monywa Gazette
https://www.facebook.com/monywagazette
်မူလွန်ကျောင်း တိုးမပေး၍ ကျောင်းသား ၄၀ကျော် ကျောင်းထွက်ရမည့် အခြေအနေ ရောက်န်ေမူလွန်ကျောင်း တိုးမပေး၍ ကျောင်းသား ၄၀ကျော် ကျောင်းထွက်ရမည့် အခြေအနေ ရောက်နေ Reviewed by THITHTOOLWIN on 02:32 Rating: 5
Powered by Blogger.