ဘုတလင်မြို့နယ်မောင်းထောင်ရွာတွင် ကြွက်အကောင် ၄၀၀ ကျော်အစုအပြုံလိုက်သေ၍ ဒေသခံများထိတ်လန့်


မုံရွာ၊ဇွန်-၎

မုံရွာခရိုင် ဘုတလင်မြို့နယ် မောင်းထောင်ကျေးရွာတွင် နေအိမ်များအတွင်းနှင့်ပတ်ဝန်းကျင်၌ ကြွက်များ အကောင် ၄၀၀ ကျော် အစုအပြုံလိုက် ဆက်တိုက်သေဆုးံမှုများဖြစ်နေရာ ဒေသခံများထိတ်လန့်နေကြသည်။

ဇွန်လ ၃ ရက်နေ့နံနက်ပိုင်းမှစ၍ ကြွက်သေဆုးံမှုများရှိနေပြီး ယနေ့ထိ မရပ်သေးဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းနိုင်ကပြောသည်။

ယမန်နေ့က နေအိမ် ၅၀ တွင် ကြွက်ကောင်ရေ ၃၈၀ ကျော်သေဆုးံပြီး ယနေ့တွင် အိမ် ၉ အိမ်မှ ကြွက် ၅၀ ကျော်ထပ်မံသေဆုးံသည်ဟု သိရသည်။


“အဘိုးအဘွားတွေ ပြောတာတော့ အရင်တုန်းကလို ပလိပ်ရောဂါလိုမျိုး ဖြစ်မှာစိုးကြတာ၊ ကျွန်တော်အိမ်မှာ လေးငါးကောင်သေတော့ အစကတော့ ဒီတိုင်းပဲ မှတ်တာ၊လမ်းသွားရင်းလည်း တွေ့တော့ မေးရင်းနဲ့ အများကြီးသေတာ တွေ့လို့ မြို့နယ်ကို အကြောင်းကြားလိုက်တာ၊ကြွက်ဝမ်းဖြူတွေ ဗိုက်ဖောင်းပြီးသေတာ “ဟု ဦးထွန်းနိုင် ကပြောသည်။

ကြွက်စတင်သေဆုးံသည့်နေ့မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန အထူးရောဂါ နှိမ်နင်းရေးအဖွဲ့မှ ချက်ချင်း ကွင်းဆင်း စစ်ဆေးခြင်းပညာပေးခြင်းများပြုလုပ်ခဲ့သည်ဟု အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာ ကျော်သူဆွေ ကပြောသည်။

“သေတဲ့ ကြွက်ရဲ့ အသည်းနဲ့ ဘေလုးံကို ရန်ကုန် ဓာတ်ခွဲခန်းပို့ ထားတယ်၊အဖြေရမှပဲ ဘာကြောင့်ဆိုတာ သိရမှာ”ဟု ၄င်းကပြောသည်။

ကြွက်များထပ်မံ သေဆုးံခြင်းနှင့် လူများတွင် ထူးခြားသောရောဂါဝေဒနာ ခံစားရပါက ယာယီ ဆေးခန်းသို့ လာရောက်အသိပေးရန် ရွာအုပ်ချုပ်ရေးမှူးမှ အသံချဲ့စက်ဖြင့်နှိုးဆော်ထားသည်ဟု ဆိုသည်။

မောင်းထောင်ကျေးရွာသည် အိမ်ခြေ ၁၁၀၀ ကျော်ရှိပြီး ကြွက်သေဆုးံမှု အဖြစ်များသော နေရာမှာ ရွာ၏တောင်ပိုင်းမှ အိမ်များတွင်ဖြစ်သည်ဟု အုပ်ချုပ်ရေးမှူးကပြောသည်။

အောင်ထွန်း
Monywa Gazette
https://www.facebook.com/monywagazette/
ဘုတလင်မြို့နယ်မောင်းထောင်ရွာတွင် ကြွက်အကောင် ၄၀၀ ကျော်အစုအပြုံလိုက်သေ၍ ဒေသခံများထိတ်လန့် ဘုတလင်မြို့နယ်မောင်းထောင်ရွာတွင် ကြွက်အကောင် ၄၀၀ ကျော်အစုအပြုံလိုက်သေ၍ ဒေသခံများထိတ်လန့် Reviewed by THITHTOOLWIN on 09:37 Rating: 5
Powered by Blogger.