အိမ်ဖြူတော်အနီးတွင် ကျောပိုးအိတ်ပစ်ချကာ စက်ဘီးရပ်နားရာနေရာအား ခုန်ကျော်သည့်အတွက် လူတစ်ဦးဖမ်းဆီးခံရ

အမေရိကန်နိုင်ငံ အိမ်ဖြူတော်အား တွေ့ရစဉ် (ဆင်ဟွာ)
 ဝါရှင်တန်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)

 အမေရိကန်နိုင်ငံ အိမ်ဖြူတော်အနီး ကျောပိုးအိတ်တစ်လုံးပစ်ချကာ စက်ဘီးရပ်နားရာနေရာအား ခုန်ကျော်သည့် အမျိုးသားတစ်ဦးအား ဖမ်းဆီးခဲ့ကြောင်း ထောက်လှမ်းရေးဌာနက ဇွန်လ ၁၉ ရက်တွင် ပြောကြားလိုက်သည်။

အဆိုပါ ဖြစ်ရပ်သည် အိမ်ဖြူတော်အားဖြတ်သွားသည့် ပင်ဆီလ်ဗန်နီးယားလမ်း၏ လျှောက်လမ်းပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ အိမ်ဖြူတော်အနီး လူဖြတ်သန်းသွားလာမှုအား ပိတ်ထားခြင်းဖြစ်ကြောင်း ထောက်လှမ်းရေးဌာနက လူမှုမီဒီယားပေါ်တွင် ပြောခဲ့သည်။

အခင်းဖြစ်ပွားချိန်တွင် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က အိမ်ဖြူတော်၌ မရှိနိုင်ကြောင်း၊ ၎င်းသည် ရွေးကောက်ပွဲပြန်လည်ဝင်ပြိုင်ရန် တရားဝင်စည်းရုံးရေးပြုလုပ်ခဲ့သည့် ဖလော်ရီဒါသို့ နှစ်ရက်ကြာခရီးစဉ်သွားရောက်အပြီး ဝါရှင်တန်သို့ မွန်းလွဲပိုင်းတွင်မှ ပြန်လည်ရောက်ရှိမည်ဟုမျှော်လင့်ရကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
အိမ်ဖြူတော်အနီးတွင် ကျောပိုးအိတ်ပစ်ချကာ စက်ဘီးရပ်နားရာနေရာအား ခုန်ကျော်သည့်အတွက် လူတစ်ဦးဖမ်းဆီးခံရ အိမ်ဖြူတော်အနီးတွင် ကျောပိုးအိတ်ပစ်ချကာ စက်ဘီးရပ်နားရာနေရာအား ခုန်ကျော်သည့်အတွက် လူတစ်ဦးဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 12:40 Rating: 5
Powered by Blogger.