NLD အစိုးရ တတိယတစ်နှစ်တာကာလ စစ်ဖက်ကနေ အရပ်ဖက်ပြောင်းသူ ၈၀ ကျော်ရှိ

 တပ်မတော်ကာကွယ်ရေးဉီးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့ရဲ့ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားပြောဆို
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် တတိယ တစ်နှစ်တာ ကာလအတွင်း ကာကွယ်ရေး ဝန်ကြီးဌာနကနေ အရပ်ဖက် ဝန်ကြီးဌာနကို ပြောင်းလဲလာတဲ့ အရာထမ်း ဦးရေ ၂၂ ဦးရှိပြီး အရပ်ဖက် ဝန်ကြီးဌာနတွေကနေ ကာကွယ်ရေး ဝန်ကြီးဌာနဆီကို ပြန်တမ်းဝင် အရာရှိတောင်းခံလို့ ပြောင်းလာရသူ အရာထမ်း ၆၀ ဦးရှိတယ်လို့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့က ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဆွေက ပြောပါတယ်။

ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဆွေက အများဆုံးကတော့ပြည်ထဲရေးဝန်ကြီးဌာနကိုပြောင်းတာ များပါတယ်။ ဒုတိယအများဆုံးကတော့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချဝန်ကြီးဌာန ပေါ့ ကာကွယ်ရေးဝန်ကြီးဌာနကနေ တိုက်ပွဲမှာ ဒဏ်ရာရတဲ့ အရာရှိတွေပြောင်းတာဖြစ်ပါတယ်။ ကျန်တာကတော့ လိုအပ်ချက်အရ ခေါ်တာပါ။ အရပ်ဖက်ဝန်ကြီးဌာနတွေဘက်က ခေါ်တာပါ။ နည်းပညာပိုင်း ၊ ကျွမ်းကျင်မှုပိုင်းတွေမှာ လိုအပ်ချက်အရ ခေါ်တဲ့အခါ သမ္မတအထိတင်ပြပြီး ပြောင်းသင့်တယ်ဆိုတဲ့ ပုဂ္ဂိုလ်မျိုးကိုသာ ပြောင်းခွင့်ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။

ကာကွယ်ရေး ဝန်ကြီးဌာနကနေ အရပ်ဖက်ဝန်ကြီးဌာနကို ပြောင်းရွှေ့မယ့် အရာထမ်းတွေအတွက် အချက် ၃ ချက် သတ်မှတ်ထားပါတယ်။

သတ်မှတ်ထားတဲ့ သုံးချက်အနက် ပထမ အချက်ကတော့ ကျွမ်းကျင်မှု အရည်အချင်းဖြစ်ပြီး လိုအပ်ချက်အရ မဖြစ်မနေခေါ်ခန့်ရမည့်နေရာမျိုးမှာ ခန့်အပ်တာဖြစ်ပါတယ်။ဒုတိယအချက်ကတော့ ဌာနတွင်းဝန်ထမ်းတွေရဲ့ ရာထူးတိုးမြင့်ခြင်းနဲ့ တခြားအခွင့်အရေးတွေကို စစ်ဖက်က ပြောင်းလာသူကြောင့် အကျိုးထိခိုက်မှု မရှိဆိုတဲ့ ဌာန အကြီးအကဲရဲ့ ထောက်ခံချက်ဖြင့် ပြောင်းပေးခြင်းဖြစ်ပြီး နောက်ဆုံးအချက်ကတော့ သာမန်အရပ်သားဝန်ထမ်းတွေ တာဝန်ထမ်းဆောင်ဖို့ ခက်ခဲတဲ့ဒေသတွေကို စစ်ဖက်က လူများကို ခန့်အပ်တာဝန်ပေးအပ်တာတို့ ဖြစ်ပါတယ်။
လွတ်လပ်ရေးရပြီးနောက် မြန်မာပြည်ရဲ့ ပထမဆုံး ကာကွယ်ရေး ဦးစီးချုပ်က ကရင်တိုင်းရင်းသားတဦး ဖြစ်ပါတယ်။

အရင်အစိုးရတွေ လက်ထက်မှာလည်း ကာကွယ်ရေး ဝန်ကြီးဌာနကနေ အရပ်ဖက်ကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်တဲ့ အရာထမ်းတွေရှိခဲ့ပါတယ်။ လက်ရှိဝန်ကြီးဌာနတွေမှာလည်း ညွှန်ကြားရေးမှူးကနေ ညွှန်ကြားရေးမှူးချုပ် ရာထူးအထိ တာဝန်ထမ်းဆောင်နေသူ အများစုမှာ တပ်မတော်က အရာရှိဟောင်းတွေဖြစ်ပါတယ်။

အခုလို ပြောင်းရွှေ့တာတွေနဲ့ ပတ်သက်လို့ အရင်တုန်းက အသံ သိပ်မထွက်ခဲ့ကြပေမယ့် အခုအစိုးရလက်ထက်မှာတော့ အရပ်ဖက်ဝန်ကြီးဌာနတွေကို စစ်ဘက်က ပြောင်းရွှေ့ရင် ကန့်ကွက်တာတွေ လုပ်ဆောင်လာကြပါတယ်။

BBC Burmese
https://www.bbc.com
NLD အစိုးရ တတိယတစ်နှစ်တာကာလ စစ်ဖက်ကနေ အရပ်ဖက်ပြောင်းသူ ၈၀ ကျော်ရှိ NLD အစိုးရ တတိယတစ်နှစ်တာကာလ စစ်ဖက်ကနေ အရပ်ဖက်ပြောင်းသူ ၈၀ ကျော်ရှိ Reviewed by THITHTOOLWIN on 03:07 Rating: 5
Powered by Blogger.