စင်္ကာပူကို အိမ်အကူလုပ်သားပို့ဖို့ အလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်တွေ MOU ထိုးဖို့ပြင်နေ

အိမ်ဖော် ၅သောင်းကျော် ရှိတဲ့ စင်္ကာပူ
မြန်မာနိုင်အလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ စင်္ကာပူနိုင်ငံကို အိမ်အကူလုပ်သားတွေပို့မို့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်နဲ့ စင်္ကာပူအလုပ်သမားအဖွဲ့ချုပ်တို့က နှစ်ဖက်နားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးဖို့ ပြင်နေပါတယ်။

လတ်တလောမှာ အိမ်အကူလုပ်သားပို့မယ့်အေဂျင်စီစာရင်းကို စကောက်နေပြီလို့ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်က တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်ဇော်မင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ မှာ မြန်မာအမျိုးသမီးတွေ အိမ်နီးချင်းနိုင်ငံတွေကို အိမ်ဖော်အဖြစ်သွားရောက်လုပ်ကိုင်တာကို အစိုးရက တားမြစ်ပိတ်ပင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း တရားမဝင်သွားရောက်လုပ်ကိုင်တာတေကြောင့် လစာခေါင်းပုံဖြတ်ခံရတာ၊ အလုပ်သမားအခွင့်အရေးဆုံးရှုံးတာတွေကြုံခဲ့ရပြီး ဒီအပေါ်ဝေဖန်ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။

လက်ရှိ စင်္ကာပူမှာ အိမ်အကူလုပ်နေတဲ့ အမျိုးသမီး ၅ သောင်းကျော်ရှိနေပြီး သူတို့တွေအတွက် လိုအပ်တဲ့သင်တန်းတွေပေးဖို့လိုသလို စာချုပ်တွေမှာလည်း အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို ထည့်သွင်းချုပ်ဆိုသင့်တယ်လို့ စင်္ကာပူရောက်အိမ်အကူအလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese
စင်္ကာပူကို အိမ်အကူလုပ်သားပို့ဖို့ အလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်တွေ MOU ထိုးဖို့ပြင်နေ စင်္ကာပူကို အိမ်အကူလုပ်သားပို့ဖို့ အလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်တွေ MOU ထိုးဖို့ပြင်နေ Reviewed by THITHTOOLWIN on 20:54 Rating: 5
Powered by Blogger.