မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ မီးရထားစက်ခေါင်းရုံဝန်းအတွင်း မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၁၄ လုံး မီးလောင်ဆုံးရှုံး

Photo - ကျော်မင်းသော်
မန္တလေး- ၂၃ မေ

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မီးရထားစက်ခေါင်းရုံဝန်းအတွင်းရှိနေအိမ် တစ်လုံးတွင် ယနေ့ နေ့လယ်ပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားရာ အိမ် ၁၄ လုံးခန့် မီးလောင်ဆုံးရှုံး မှုဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ နေ့လယ် ၁၂ နာရီခန့်က ချမ်းမြသာစည်မြို့နယ် ၊ အကွက်အမှတ် ၈၈၃ ၊ မီးရထားစက်ခေါင်းရုံဝန်းအတွင်းရှိ နေအိမ်တစ်အိမ် အဝင်တံခါးမှာ ထားရှိသော မီးအားမြှင့်စက် အပူလွန်ကဲရာမှ ဘေးထံရံကာသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ မီးလောင်မှုကြောင့် အိမ်၁၄ လုံး မီးလောင်ဆုံးရှုံးရာ ငွေကျပ် ၃၉ သိန်းကျော် ဆုံးရှုံးခဲ့သည်။

မီးလောင်ကျွမ်းရာသို့ သန္ဓေ မီးသတ်တပ်ဖွဲ့ဝင် ၁၅၀ ဦး ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၅၀ ဦး၊ မီးငြိမ်းသတ်ယာဉ် အစီး ၅၀ ၊ ရေသယ်ယာဉ် အစီး ၂၀ တို့ဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်းသိရသည်။ မီးလောင်မှုကြောင့် မီးဘေးသင့် အိမ်ထောင်စု ၁၄ စု ၊ လူဦးရေ ၇၁ ဦးအတွက် ယာယီ မီးဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားကြောင်းသိရသည်။

မီးလောင်မှု စတင်ဖြစ်ပွားခဲ့သည့်အိမ်ပိုင်ရှင်ကို သက်ဆိုင်ရာ ရဲစခန်းမှ (ပ) ၃၂၅/၁၉ ၊ ပုဒ်မ - ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားခြင်း ဖြစ်ကြောင်းသိရသည်။

အိမို့မို့ခိုင်
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ မီးရထားစက်ခေါင်းရုံဝန်းအတွင်း မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၁၄ လုံး မီးလောင်ဆုံးရှုံး မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ မီးရထားစက်ခေါင်းရုံဝန်းအတွင်း မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၁၄ လုံး မီးလောင်ဆုံးရှုံး Reviewed by THITHTOOLWIN on 23:57 Rating: 5
Powered by Blogger.