မော်လိုက်ကလေးထောင် ဆူပူမှုဖြစ်

ဓာတ်ပုံ - ကျော်သက်ဝင်း

ကလေးlမေ - ၈

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် မော်လိုက်ကလေးအကျဉ်းထောင်တွင် အကျဉ်းသားများ ယနေ့ နံနက် ၉ နာရီခွဲအချိန်က ဆူပူမှုဖြစ်ပွားခဲ့သည်။


"အဓိကတော့ လွတ်ငြိမ်းချမ်းသာခွင့်ရရှိရေးနဲ့လူအခွင့်အရေးတွေ ချိုးဖောက်ခံရတာတွေကို တောင်းဆိုတာဖြစ်တယ်"ဟု အကျဉ်းထောင်ဆူမူမှုတွင်ရောက်ရှိနေသော ကလေးမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဌဦးညီညီကပြောသည်။


ယနေ့ မတ်လ ၈ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်ခန့်တွင် ကလေးမြို့နယ်၊မော်လိုက်ကလေးအကျဉ်းထောင်သို့ နယ်သာလန်နိုင်ငံကောင်စစ်ဝန်ရောက်ရှိပြီး နယ်သာလန်နိုင်ငံသားအကျဉ်းသားတစ်ဦးနှင့်တွေ့ဆုံပြီး ၀၉၀၀အချိန်ခန့်တွင် ကောင်စစ်ဝန်မှပြန်လည်ထွက်ခွာပြီး အကျဉ်းသားအား အကျဉ်းစခန်းအတွင်းပြန်လည်ထည့်သွင်းစဉ် အကျဉ်းကျခံနေသူများနှင့်အချုပ်သား( ၂၀၃၁)ဦးတို့မှ လွတ်ငြိမ်းချမ်းသာခွင့် တန်းတူရရှိရေး၊မီဒီယာများနှင့်ချက်ချင်းတွေ့ဆုံပေးရေး၊လူ့အခွင့်အရေးကော်မရှင်နှင့်တွေ့ဆုံပေးရေး၊အစိုးရတာဝန်ရှိသူများနှင့်တွေ့ဆုံပေးရေး ဆိုသည့် စာသားများဖြင့် အော်ဟစ်တောင်းဆိုခဲ့ကြသည်။


လက်ရှိအချိန်တွင် ဒေသအာဏာပိုင်များlထောင်မှတာဝန်ရှိသူများနှင့်အကျဉ်းသားများတို့က တွေ့ဆုံနေခြင်းဖြစ်သည်။

Monywa Gazette
https://www.facebook.com/monywagazette/
မော်လိုက်ကလေးထောင် ဆူပူမှုဖြစ် မော်လိုက်ကလေးထောင် ဆူပူမှုဖြစ် Reviewed by THITHTOOLWIN on 09:36 Rating: 5
Powered by Blogger.