အမေရိကန်စစ်သင်္ဘောများကို လျှို့ ဝှက်လက်နက်များအသုံးပြု၍ နှစ်မြှုပ်ပစ်မည်ဟု အီရန်ခြိမ်းခြောက်

အီရန်တပ်ဖွဲ့ က ပင်လယ်ပြင်၌ သင်္ဘောတစ်စင်းအား ဖောက်ခွဲရေး တိုက်ခိုက်မှု လေ့ကျင့်နေစဉ်(ဆင်ဟွာ)
 တီဟီရန် ၊ မေ ၂၆ ရက်(ဆင်ဟွာ)

    အီရန်နိုင်ငံတွင် ထိပ်တန်းလျှို့ ဝှက်လက်နက်သစ်နှစ်မျိုးရှိကြောင်း နှင့် ယင်းအားအသုံးပြု၍ အမေရိကန်စစ်သင်္ဘောများကို နှစ်မြှုပ်ပစ်မည်ဟု အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) တပ်မှူးချုပ်၏ အကြံပေးဖြစ်သူ တစ်ဦးက မေ ၂၅ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

“ ပင်လယ်ကွေ့ ရေပြင်ထဲမှာ ရန်သူဖက်က မိုက်မဲတဲ့ လုပ်ရပ်သေးသေးလေးတစ်ခု လုပ်ဆောင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ ဖက်က သူတို့ ကို ဘယ်လို လုပ်ဆောင်သွားမလဲဆိုတာကို သူတို့ သိရလိမ့်မယ် ” ဟု Morteza Qorbani ၏ပြောကြားချက်ကို ကိုးကား၍ တီဟီရန်တိုင်းမ်စ်နေ့ စဉ်သတင်းစာက ဖော်ပြခဲ့သည်။

အမေရိကန်အနေဖြင့် ယခုကဲ့သို့ ကစားပွဲမျိုးကို မကစားသင့်ကြောင်း နှင့်   ၄င်းတို့ ၏ စစ်သင်္ဘောများကို ဒေသတွင်းသို့ မပို့ ဆောင်သင့်ကြောင်း  Oorbani က သတိပေးစကားဆိုခဲ့သည်။

IRGC သည် အမေရိကန်စစ်သင်္ဘောများကို နှစ်မြှုပ်ပစ်ရန် ၄င်းတို့ ၏ လက်နက်များကို အသုံးပြုသွားမည်ဖြစ်ကြောင်း ၊ ၄င်းသင်္ဘောပေါ်တွင် မည်သည့်အရာ နှင့် မည်သူလိုက်ပါလာသည်ဖြစ်စေ နှစ်မြှုပ်ပစ်မည်ဖြစ်ကြောင်း Oorbani ကဖြည့်စွက်ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံက အရှေ့ အလယ်ပိုင်းဒေသတွင် အီရန်နိုင်ငံ၏ ခြိမ်းခြောက်မှုကို ဟန့် တားရန် ၄င်းတို့ ၏ လေယာဉ်တင်သင်္ဘောတစ်စင်းပါဝင်သော တိုက်ခိုက်ရေးသင်္ဘောအုပ်စု နှင့် ဗုံးကြဲလေယာဉ်အုပ်စုကို စေလွှတ်ထားပြီးဖြစ်ကြောင်း ယခုလအစောပိုင်းတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ပြီးခဲ့သော မေ ၂၄ ရက်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အရှေ့ အလယ်ပိုင်းဒေသသို့ တပ်ဖွဲ့ ဝင် ၁၅ဝဝ ကျော်စေလွှတ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
အမေရိကန်စစ်သင်္ဘောများကို လျှို့ ဝှက်လက်နက်များအသုံးပြု၍ နှစ်မြှုပ်ပစ်မည်ဟု အီရန်ခြိမ်းခြောက် အမေရိကန်စစ်သင်္ဘောများကို လျှို့ ဝှက်လက်နက်များအသုံးပြု၍ နှစ်မြှုပ်ပစ်မည်ဟု အီရန်ခြိမ်းခြောက် Reviewed by THITHTOOLWIN on 03:14 Rating: 5
Powered by Blogger.