ကလောမြို့နယ် ဘော်ဆိုင်းကျေးရွာအုပ်စုမှာ လေပြင်းတိုက်ခတ်ပြီး အဆောက်အဦပြိုကျ၍ လူတစ်ဦးသေဆုံး၊ခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိ


တောင်ကြီး ၊ မေ ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဘော်ဆိုင်းကျေးရွာအုပ်စု ရှိ ကံပြင်ကျေးရွာ ၊ ကုန်းသာ သွားလမ်းဘေး ရှိ မြေနဂါး သတ္တုတူးဖော်ရေး ရေဆေးကန် အဆောက်အဦ ဟာ မိုးရွာသွန်းစဉ် လေပြင်းတိုက်ခတ်မှုကြောင့် မေ ၂၂ ရက် နေ့လည် ၁၁း၀၀နာရီ အချိန်က ပြိုကျပျက်စီးခဲ့ပြီး လူတစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

လေပြင်းတိုက်ခတ်ပြီး ၊ မိုးရွာသွန်းမှုကြောင့် မြေနဂါး သတ္တု တူးဖော်ရေး ရေဆေးကန် အဆောက်အဦပြိုကျစဉ် အဆောက်အဦထဲမှာရှိနေတဲ့ ပန်းရံအလုပ်သမား ဦးမောင်ဦး အသက် ၃၃ နှစ် ဟာ မျက်နာပွန်းပဲ့ဒဏ်ရာ၊ အုတ်တံတိုင်းပိ ဒဏ်ရာတွေကြောင့် အခင်းဖြစ်ပွားတဲ့နေရာမှာပဲ သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ထားပါတယ်။

“သူတို့ ကပန်းရံလုပ်နေတာ၊ မိုးရွာတော့ အဆောက်အဦးထဲ မိုးဝင်ခိုရင်းဖြစ်သွားတာ၊ တစ်ယောက်က အုတ်တံတိုင်းပိတော့ ပွဲချင်းပြီးသေသွားတယ်၊ ကျန်သူတွေတော့ စိုးရိမ်စရာမရှိပါဘူး “ လို့ ဘော်ဆိုင်းဒေသရှိ ဇီဝိတ ဒါန သွေးလှူရှင်အသင်းမှ တာဝန်ရှိသူတစ်ဦး ကပြောပါတယ်။

ပြိုကျပျက်စီးခဲ့တဲ့ အဆောက်အဦဟာ အလျား ၉၀ပေ ၊ အနံ ၂၀ပေ ၊ အမြင့် ၂၅ ပေရှိ သွပ်မိုး၊ သံဖရိန် ဖြစ်ပြီး မြေနဂါးကုမ္ပဏီ ရဲ့ သတ္တုရေဆေးကန် အဖြစ် အသုံးပြုနေတာဖြစ်တယ်လို့ ဘော်ဆိုင်းဒေသခံ အချို့ ကပြောပါတယ်။

မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျခဲ့တဲ့ အဆောက်အဦရဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၄၈၀၀၀၀ ရှိတယ်လို့ ရဲမှတ်တမ်းမှာဖော်ပြထားပါတယ်။

သေဆုံးသွားခဲ့တဲ့ ပန်းရံလုပ်သား ဦးမောင်ဦး အတွက် မြေနဂါးကုမ္ပဏီ ဘက်ကနေ ကရုဏာကြေး အဖြစ် ကျပ်သိန်း ၈၀ ကို မေလ ၂၃ ရက်နေ့ မှာ ရပ်မိရပ်ဖ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့ရှေ့မှာ ကျန်ရစ်ခဲ့တဲ့ မိသားစုထံ ပေးအပ်ခဲ့ပါတယ်။

ခွန်ဆာ (ရွှေတြိဂံ)
https://www.facebook.com/GoldenTriangleRegionalNews
ကလောမြို့နယ် ဘော်ဆိုင်းကျေးရွာအုပ်စုမှာ လေပြင်းတိုက်ခတ်ပြီး အဆောက်အဦပြိုကျ၍ လူတစ်ဦးသေဆုံး၊ခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိ ကလောမြို့နယ် ဘော်ဆိုင်းကျေးရွာအုပ်စုမှာ လေပြင်းတိုက်ခတ်ပြီး အဆောက်အဦပြိုကျ၍ လူတစ်ဦးသေဆုံး၊ခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 00:09 Rating: 5
Powered by Blogger.