ပော်က္ဆုံးနေသည့် အမိုးသမီးငယ် ရုပ်အေလာင်းကို မီးလောင်သည့် အခန်းအေပ်ါထပ္မွာတြေ့ရွိ


တာချီလိတ်၊ မေ ၃၁

မေလ ၃၀ရက် ညပိုင်းက ကုန်စုံဆိုင် မီးလောင်မှု ဖြစ်စဉ်အတွင်း ပျောက်ဆုံးနေတဲ့ ဆိုင်ဝန်ထမ်း အမျိုးသမီးငယ်ရဲ့ ရုပ်အလောင်းကို မေလ ၃၁ရက် မနက်ပိုင်းမှာ အဲဒီဆိုင်ရဲ့ အပေါ်ထပ်အခန်းမှာ တွေ့ရှိတယ်လို့ သိရပါတယ်။

တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ ရတနာလမ်းပေါ်က အဖျော်ယမကာနဲ့ ကုန်ပစ္စည်းဆိုင်တစ်ဆိုင် မေလ ၃၀ရက် ည ၇နာရီခွဲခန့်က မီးလောင်ကျွမ်းမှုဖြစ်ခဲ့ပြီး အဲဒီကုန်စုံဆိုင်မှာ အလုပ်လုပ်တဲ့ ၁၆နှစ်အရွယ် ဆိုင်ဝန်ထမ်း မစုမွန်ဦးလည်း ပျောက်ဆုံးနေတာကြောင့် လူပျောက်ကြော်ငြာ ကြေညာခဲ့ပါတယ်။

ဒီကနေ့ မေလ ၃၁ရက် မနက်ပိုင်းမှာတော့ မီးလောင်ထားတဲ့ ပစ္စည်တွေ ရှင်းလင်းမှု ပြုလုပ်စဉ်မှာ နှစ်ခန်းတွဲဆိုင်ရဲ့ ခေါင်းရင်းဘက်အခန်း အပေါ်ထပ်မှာ သူမရဲ့ ရုပ်အလောင်းကို တွေ့ရှိတာ ဖြစ်တယ်လို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။

“မနေ့ညက မီးသတ်နေတုန်းမှာ လူအော်သံလည်းမကြားရဘူး။ ဘာသံမှလည်းမကြားရတော့ အဲဒီကလေးမက ကြောက်ပြီး ထွက်ပြေးသွားတယ်လို့ပဲ ထင်ကြတာ။ ဒီမနက်ရှင်းလင်းရေးလုပ်မှ ရုပ်အလောင်းကို တွေ့ကြတာ” လို့ မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောပါတယ်။

ယမန်နေ့ညက ကုန်စုံဆိုင်မီးလောင်မှုဟာ အချိန်တစ်နာရီကျော်ကြာမြင့်ခဲ့ပြီး ဆိုင်အတွင်းမှာ မီးလောင်လွယ်တဲ့ ကုန်ပစ္စည်းတွေရှိတာကြောင့် ခက်ခက်ခဲခဲ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရတာဖြစ်ပါတယ်။

သတင်း/ဓာတ်ပုံ - ရွှေတြိဂံဒေသသတင်း
https://www.facebook.com/GoldenTriangleRegionalNews
ပော်က္ဆုံးနေသည့် အမိုးသမီးငယ် ရုပ်အေလာင်းကို မီးလောင်သည့် အခန်းအေပ်ါထပ္မွာတြေ့ရွိ  ပော်က္ဆုံးနေသည့် အမိုးသမီးငယ် ရုပ်အေလာင်းကို မီးလောင်သည့် အခန်းအေပ်ါထပ္မွာတြေ့ရွိ Reviewed by THITHTOOLWIN on 20:20 Rating: 5
Powered by Blogger.