အာဖရိကရွှေ့ပြောင်းဝင်လာကြသူတွေပါတဲ့ ရေယာဉ်တိမ်းမှောက်လို့ အနည်းဆုံး ၆၅ ဦးသေဆုံး

ငါးဖမ်းသမားတွေက လူ ၁၆ ဦးကိုပဲ ကယ်တင်နိုင်ခဲ့
တူနီးရှားနိုင်ငံ ကမ်းရိုးတန်းအနီးမှာ ရေယာဉ်တိမ်းမှောက်လို့ အာဖရိကက ရွှေ့ပြောင်းဝင်လာဖို့ ကြိုးစားကြသူတွေထဲက လူအနည်းဆုံး ၆၅ ဦး သေဆုံးသွားတယ်လို့ ကမ္ဘာ့ကုလသမဂ္ဂက ပြောလိုက်ပါတယ်။

တူနီးရှားအစိုးရမီဒီယာတွေက ကမ်းခြေနဲ့ ၇၀ ကီလိုမီတာကွာတဲ့ ရေပြင်မှာ ငါးဖမ်းသမားတွေက လူ ၁၆ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့တော့ ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ အေဂျင်စီက နစ်မြုပ်သွားတဲ့လှေက လစ်ဗျားကနေ ထွက်ခွာလာတာလို့ ပြောပါတယ်။

ဥရောပကိုသွားဖို့ ရွှေ့ပြောင်းလာသူတွေကို တင်ဆောင်လာတဲ့ လှေကြီးတွေဟာ ဒီနေရာမှာ စုလေ့ရှိတတာ ဖြစ်ပြီး သူတို့ကို တင်လာတဲ့ လှေတွေက ကြီးပေမယ့် လူများပြီး ပင်လယ်ကို ဖြတ်ပြီးသွားနိုင်လောက်အောင် မခိုင်မာလို့ မကြာခဏဆိုသလို နစ်မြုပ်ပြီး ထောင်နဲ့ချီတဲ့ လူတွေ အသက်ဆုံးရှုံးနေကြရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

BBC Burmese
https://www.bbc.com
အာဖရိကရွှေ့ပြောင်းဝင်လာကြသူတွေပါတဲ့ ရေယာဉ်တိမ်းမှောက်လို့ အနည်းဆုံး ၆၅ ဦးသေဆုံး အာဖရိကရွှေ့ပြောင်းဝင်လာကြသူတွေပါတဲ့ ရေယာဉ်တိမ်းမှောက်လို့ အနည်းဆုံး ၆၅ ဦးသေဆုံး Reviewed by THITHTOOLWIN on 20:34 Rating: 5
Powered by Blogger.