ငွေကြေးခဝါချမှုတွေကို ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့

ABC ဘဏ်က ပိတ်လိုက်တဲ့ ငွေစာရင်းရှင်တွေထဲမှာ မြန်မာကုန်သည်တွေနဲ့ ငွေလဲသူတွေ ပါဝင်
ငွေကြေး ခဝါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့က တာဝန်ပေးလာတဲ့ အမှုထဲမှာ စီးပွားရေးဆိုင်ရာ ပြစ်မှု ၁၃၆မှု ၊ ထုတ်ပြန်ထားတဲ့ ဥပဒေနည်းဥပဒေ လုပ်ထုံးလုပ်နည်းများ ၊ အမိန့်ညွှန်ကြားချက်များကို မလိုက်နာတဲ့ ဝန်ထမ်း မသမာမှု ၁၅၉ မှုကို စုံစမ်းစစ်ဆေးနိုင်ခဲ့တယ်လို့ အထူးစုံစမ်းစစ်ဆေးရေး ဌာနရဲ့ ညွန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က ပြောပါတယ်။

ဦးမောင်မောင်ကျော်က " အဓိကကတော့ ကျွန်တော်တို့ နိုင်ငံမှာ တွေ့ရှိတာ မူးယစ်မှုတွေများပါတယ်။ မူးယစ်ဆေးဝါးနဲ့ ဖမ်းဆီးခံရတဲ့ ကိစ္စရပ်တွေမှာ မူးယစ်ဆေးဝါးကရတဲ့ငွေတွေကို ဘယ်လိုမျိုးခဝါချလဲဆိုတော့ ဥပမာ မလေးရှားမှာ ကွန်တိန်နာအလိုက် မိတာတွေရှိတယ်။ မိတာနဲ့ တပြိုင်နက် မူးယစ်အဖွဲ့ကလည်း သူတို့ရဲ့ ကွင်းဆက်တွေ လိုက်လံ ဖော်ထုတ်သလို ကျွန်တော်တို့ကလည်း ဒီမူးယစ်မှုနဲ့ ပတ်သက်တဲ့ ပိုင်ဆိုင်မှုတွေ လိုက်လံစစ်ဆေး သိမ်းဆည်းတာ တရားစွဲတာ ရှိပါတယ် " လို့ပြောပါတယ်။

တချို့ ငွေကြေးခဝါချတဲ့ သူတွေဟာ ဘဏ်တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ထည့်တာတွေကိုလည်း စုံစမ်း စစ်ဆေး ရရှိတယ်လို့ ညွန်ကြားရေးမှူးချုပ်က ဆိုပါတယ်။

ဘဏ်တွေမှာ ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်မယ့် ငွေတွေကို ငွေဖြူ ဟုတ်မဟုတ် သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ စစ်ဆေးသလို ကျပ်သိန်း တစ်ထောင်နဲ့ အထက် ငွေလွှဲတဲ့သူတွေကိုလည်း ဝင်ငွေရလမ်း ဖော်ပြပေးရတာတွေ စစ်ဆေးမှုတွေ ရှိပါတယ်။

ငွေကြေး ခဝါချသူအများစုဟာ သူတို့ရရှိတဲ့ ငွေတွေကို အိမ်ခြံမြေ ဝယ်တာတွေ မော်တော်ကား ဝယ်တာတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေမှာ ထည့်ဝင်တာတွေ လုပ်ဆောင်တာတွေ ရှိတယ်လို့ ဦးမောင်မောင်ကျော်က ရှင်းပြပါတယ်။

NLD အစိုးရလက်ထက်မှာ အခုလို ငွေကြေး ခဝါချတာတွေကို ဖမ်းဆီးတာတွေ ရှိပေမယ့်လည်း မြန်မာနိုင်ငံရဲ့ ငွေကြေးခဝါချတဲ့ လုပ်ငန်းတွေက သိသိသာသာ လျော့ကျမသွားပဲ ပုံစံမျိုးစုံနဲ့တော့ ရှိနေသေးတယ်လို့ လေ့လာသူတွေက ပြောခဲ့ပါတယ်။

BBC Burmese
https://www.bbc.com
ငွေကြေးခဝါချမှုတွေကို ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ ငွေကြေးခဝါချမှုတွေကို ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ Reviewed by THITHTOOLWIN on 22:08 Rating: 5
Powered by Blogger.