ဆိုင်ကယ်အားတိုက်၍ ယာဉ်နှင့်အတူပြေး ဆိုင်ကယ်မောင်းသူနှင့်လိုက်ပါသူပွဲချင်းပြီးသေဆုံး


ရန်ကုန် မေ ၂၆

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်lဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် အမှတ်(၉၀)ရပ်ကွက် ပုဏ္ဏမီလမ်းပေါ်တွင် မေ ၂၅ ရက် နံနက် ၂ နာရီ ခွဲ ခန့် ကယာဉ်တစ်စီး(ယာဉ်အမျိုးအစားမသိ) ကဆိုင်ကယ်စီးနင်းလာသူ နှစ်ဦးအားတိုက်ကာ မောင်းနှင် ထွက်ပြေးသွားခဲ့သည်။


ယာဉ်တိုက်သည့်အသံကြားသဖြင့် ပတ်ဝန်းကျင်တွင် နေထိုင်သူများ ရောက်ရှိလာသည့်အခါ လူနှစ်ဦး ဒဏ်ရာများဖြင့်လဲကျ နေသည်ကိုသာတွေ့ရှိရပြီး တိုက်သည့်ယာဉ်ကိုမတွေ့ရှိရပေ ။ ထို့ကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ တဆင့် မြို့နယ်ရဲတပ်ဖွဲ့သို့အကြောင်း ကြားခဲ့ပြီး ဒဏ်ရာရလူငယ်နှစ်ဦးအားကြည့်ရှုရာ သေဆံုးနေကြောင်းတွေ့ရှိရေသဖြင့် ရွှေသံလျင် နာရေးကူညီမှုအသင်း လူနာတင်ယာဉ် ဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံကြီးသို့ပို့ဆောင်ခဲ့သည်။

သေဆုံးသူဆိုင်ကယ် ကယ်ရီမောင်းနှင်သူမှာ အမှတ်(၆၈)ရပ်ကွက်နေ မောင်ဇော်ညွန့်ထွေး (၄၂)နှစ်ဖြစ်ပြီး ဆိုင်ကယ်ငှားရမ်းစီးနင်းသူမှာ အမှတ်(၈၈)ရပ်ကွက်တွင်နေထိုင်သူ ဟုသိရှိရသည်။

အဆိုပါလူနှစ်ဦးသေဆုံးစေသည့် ယာဉ်တိုက်မှုနှင့်ပတ်သက်၍ ယာဉ်ဖြင့်တိုက်ကာထွက်ပြေးသည့် ယာဉ်နှင့်ယာဉ်မောင်းအားဖမ်းမိ နိုင်ရေးအတွက်အရှေ့ပိုင်းခရိုင် ယာဉ်မှုစစ်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှ စုံစမ်းရှာဖွေလျက်ရှိကြောင်းသိရသည်။

ကိုကြီးစိုး(ဆိပ်ကမ်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဆိုင်ကယ်အားတိုက်၍ ယာဉ်နှင့်အတူပြေး ဆိုင်ကယ်မောင်းသူနှင့်လိုက်ပါသူပွဲချင်းပြီးသေဆုံး ဆိုင်ကယ်အားတိုက်၍ ယာဉ်နှင့်အတူပြေး ဆိုင်ကယ်မောင်းသူနှင့်လိုက်ပါသူပွဲချင်းပြီးသေဆုံး Reviewed by THITHTOOLWIN on 02:10 Rating: 5
Powered by Blogger.