စစ်တွေထောင်မှ အကျဉ်းသား ၆၁ ဦးလွတ်မည်

(ယနေ့ မေ ၇ရက်နေ့ မြင်တွေ့ရသော စစ်တွေထောင်းဗူးဝ)
နိရဉ္စရာ၊ မေလ ၇/ ၂၀၁၉

ရခိုင်ပြည်နယ် စစ်တွေမြို့ အကျဉ်းထောင်မှ နိုင်ငံတော်သမ္မတ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် အကျဉ်းသား ၆၁ ဦး လွတ်မြောက်မည်ဟု ရဲတာဝန်ရှိသူ တစ်ဦး သတင်းရရှိသည်။

သူတို့အား စစ်တွေထောင်ထဲမှ ယနေ့ နေ့လယ်ပိုင်းတွင် လွတ်ပေးမည် ဖြစ်ကြောင်း၊ အများစု လွတ်လာသူများမှာ မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ထောင်ကျနေသူများ ဖြစ်သည်ဟု ပြောဆိုသည်။

လောလောဆယ်တွင် လွတ်မည့် အကျဉ်းသားများမှာ ထောင်ဗူးဝသို့ ရောက်ရှိနေကာ လိုအပ်သည့် အချက်အလက်များကို ဖြည့်သွင်းနေကြပြီး မွန်းလွဲပိုင်းတွင် ထောင်ထဲမှ ထွက်လာကြမည်ဟု သိရကြောင်း ထောင်ဗူးဝရှေ့သို့ ရောက်နေသည့် နိရဉ္စရာ သတင်းထောက်က ပြောကြားသည်။

Narinjara
https://www.facebook.com/Narinjara
စစ်တွေထောင်မှ အကျဉ်းသား ၆၁ ဦးလွတ်မည် စစ်တွေထောင်မှ အကျဉ်းသား ၆၁ ဦးလွတ်မည် Reviewed by THITHTOOLWIN on 20:29 Rating: 5
Powered by Blogger.