ဘူးသီး​တောင်​မြို့နယ်​ကွန်​တိုင်​​ကြီး​ကျေးရွာ၌စာသင်​​ကျောင်း​​ဆောင်​(၁)​ဆောင်နှင့်​ဆိုင်​ခန်း​ပေါင်း(၂၉)ခန်း​မီး​လောင်


ဘူးသီး​တောင်​ ​မေ ၉

မောင်ေ​တာခရိုင်၊ဘူးသီး​တောင်​မြို့နယ်​ ကွန်​တိုင်​​ကြီးကျေးရွာ၌​ မေ ၉ ရက် နံနက် ​၁ နာရီ ၄၅ အချိန်​ကမီး​လောင်​မှုဖြစ်​ပွားခဲ့​ကြောင်း သိရသဖြင့် မြို့နယ်​အ​ထွေ​ထွေအုပ်​ချုပ်​​ရေးဦးစီးဌာန၊ဒုတိယမြို့နယ်​အုပ်​ချုပ်​​ရေးမှူးဦးလှ​ရွှေ၊မြို့နယ်​ပညာ​ရေးမှူး ဦးသန်း​ဖေ၊မြို့နယ် ​မီးသတ်​ဒုတိယဦးစီးမှူးဦးသန့်​​ဇော်​နှင့်​မီးသတ်​တပ်​ဖွဲ့ဝင်​များက နံနက် ၇ နာရီ အချိန်ခန့်က သွားရောက် ကြည့်ရှု စစ်ဆေးခဲ့သည်။

ဖြစ်​စဉ်​မှာမာ မတ်​ဟူ​ဆောင်း၏အလျား(၆)​ပေ၊အနံ(၇)​ပေ၊ အမြင့်​(၈)​ပေ၊ ဓနိမိုး၊ဝါးထရံကာ၊​မြေစိုက်​(အ​ကြော်​ဆိုင်​)ဆိုင်​ခန်း၏မီးကြွှင်းမီးကျန်​မှမီး​ပေါ့ဆ​လောင်​ကျွမ်းမှုဖြစ်​ပွားခဲ့ရာအနားရှိဆိုင်​ခန်း(၂၉)ခန်းနှင့်​အလျား(၆၀)​ပေ၊အနံ(၃၀)​ပေ၊အမြင့်​(၁၅)​ပေ၊သွပ်​မိုး၊အုတ်​ကာ၊ကွန်​ကရစ်​ခင်းအတိုင်းအတာရှိအစိုးရပိုင်​ အလက(ခွဲ)စာသင်​​ကျောင်း​ဆောင်​တစ်​ခုနှင့်​အလျား(၄၅)​ပေ၊ အနံ(၁၅)​ပေ၊ အမြင့်​(၈)​ပေ၊ဓနိမိုး၊ဝါးထရံကာ​မြေခင်း အတိုင်း အတာရှိအာရ်​ဗီစာသင်​​ကျောင်း​ဆောင်​တစ်​ခုသို့ကူးစက်​​လောင်​ကျွမ်းခဲ့ရာ​ကျေးရွာအုပ်​ချုပ်​​ရေးအဖွဲ့နှင့်​​ကျေးရွာသားများမှဝိုင်း
ဝန်းငြိမ်းသတ်​မှု​ကြောင့် ၂နာရီ၄၅အချိန်​မီးငြိမ်းသတ်​နိုင်​ခဲ့​သည်​။

မီး​လောင်​ကျွမ်းမှု​ကြောင်းစုစု​ပေါင်းဆုံးရှုံးတန်​ဖိုးမှာ(၂၆၆၅၀၀၀)ကျပ်​( နှစ်ဆယ့်ခြောက် သိန်းခြောက်သောင်း ငါးထောင်ကျပ် )ခန့်​​ကျော်​ဆုံးရှုံးခဲ့ပြီးမီး​ပေါ့ဆစွာသုံးစွဲသူမာမတ်​ဟူ​ဆောင်​အား
လေးမြို့နယ်​ခြား​စောင့်​ရဲစခန်းမှလက်​ခံစစ်​​ဆေး​ဆောင်​ရွက်​လျက် ​ရှိ​ကြောင်းသိရသည်​။

မြို့နယ်​( ပြန်​/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဘူးသီး​တောင်​မြို့နယ်​ကွန်​တိုင်​​ကြီး​ကျေးရွာ၌စာသင်​​ကျောင်း​​ဆောင်​(၁)​ဆောင်နှင့်​ဆိုင်​ခန်း​ပေါင်း(၂၉)ခန်း​မီး​လောင်​ ဘူးသီး​တောင်​မြို့နယ်​ကွန်​တိုင်​​ကြီး​ကျေးရွာ၌စာသင်​​ကျောင်း​​ဆောင်​(၁)​ဆောင်နှင့်​ဆိုင်​ခန်း​ပေါင်း(၂၉)ခန်း​မီး​လောင်​ Reviewed by THITHTOOLWIN on 17:09 Rating: 5
Powered by Blogger.