အခွန်တံဆိပ်ခေါင်းမကပ်ပေးတဲ့ ဖုန်းအရောင်းဆိုင်တွေကို အရေးယူမယ်

လက်ကိုင်ဖုန်းနဲ့ ယင်းနဲ့ဆက်စပ်ပစ္စည်းတွေရောင်းချရာမှာ အခွန်တံဆိပ်ခေါင်းကပ်နှိပ်ရောင်းချတာကို ဇွန်လ ၁ရက်နေ့ကစပြီး တရားဝင်ကျင့်သုံးမှာ
လက်ကိုင်ဖုန်းနဲ့ ဆက်စပ်ပစ္စည်းတွေကိုရောင်းချရာမှာ ဝယ်ယူသူတွေက ပေးတဲ့ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ အခွန်တံဆိပ်ခေါင်းတွေမကပ်ပေးတဲ့ အရောင်းဆိုင်မှန်သမျှကို အရေးယူသွားမှာ ဖြစ်တယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနက ဒီကနေ့ထုတ်ပြန်ပါတယ်။

လက်ကိုင်ဖုန်းနဲ့ ယင်းနဲ့ဆက်စပ်ပစ္စည်းတွေရောင်းချရာမှာ အခွန်တံဆိပ်ခေါင်းကပ်နှိပ်ရောင်းချတာကို ဇွန်လ ၁ရက်နေ့ကစပြီး တရားဝင်ကျင့်သုံးမှာဖြစ်ပါတယ်။

အဲဒီလိုအခွန်တံဆိပ်ခေါင်းမကပ်ပေးတဲ့ ပစ္စည်းဝယ်ယူပြီးပြေစာတွေကိုလည်း ဝယ်ယူသူတွေက လက်မခံဖို့ ဒါ့အပြင် မကပ်ပေးပါကလည်း ပြည်တွင်းအခွန်ကို တိုင်ကြားပေးဖို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

မြန်မာ့လူဦးရေ ၅၄သန်းမှာ ၃၃သန်းက မိုဘိုင်းဖုန်းတွေကိုအသုံးပြုနေကြပါတယ်။ အဲဒီထဲကမှ ၈၀ ရာခိုင်နှုန်းက စမတ်ဖုန်းကိုအသုံးပြုကြသူတွေဖြစ်ပါတယ်။

လက်ရှိမှာတော့ ပြည်တွင်းအခွန်များဦးစီးဌာနက စားသောက်ဆိုင်၊ ဟိုတယ်၊ တည်းခိုခန်း၊ ရွှေဆိုင်တွေ၊ ရုပ်သံဝန်ဆောင်မှုလုပ်ငန်းတွေကို အခွန်တံဆိပ်ခေါင်းတွေ စားသုံးသူတွေကိုပေးအပ်တဲ့ ငွေရပြေစာတွေမှာ သေချာကပ်နှံပေးဖို့ ကြီးကြပ်ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ပါတယ်။

BBC Burmese
https://www.bbc.com/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ