မိုးကောင်းမြို့နယ်၌ တုန်ဖုန်းယာဉ်နှင့် ဆိုင်ကယ်တိုက်မိ၍ ဆိုင်ကယ်စီးနင်းသူ (၃)ဦး သေဆုံး


မိုးကောင်း မေ ၂၄

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ကညင်မြိုင်ကျေးရွာ၌ မေ ၂၄ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်က တုန်ဖုန်းယာဉ်နှင့်ဆိုင်ကယ်တိုက်မိ၍ ဆိုင်ကယ်စီးနင်းလာသူသုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိုးကောင်းမြို့နယ် ဆားမှော်-ကညင်မြိုင် ကျေးရွာချင်းဆက်လမ်းရှိ ကညင်မြိုင်ကျေးရွာဈေးအနီး၌ ကညင်မြိုင်ကျေးရွာနေ ကျော်လွင်ဦး(၃၄ နှစ်)မောင်းနှင်လာသည့် တုန်ဖုန်းခြောက်ဘီးယာဉ်သည် ဝဲဘက်ရှိဈေးလမ်းသို့ချိုးကွေ့စဉ် လားရာတူမောင်းနှင်လာသည့် ထီးချိုင့်မြို့နယ်၊ ချွန်းထောင်ကျေးရွာနေ ဦးမျိုးမြင့်(၄၅ နှစ်)မောင်းနှင်ပြီး ဒေါ်မအေး(၄၆ နှစ်)နှင့် လေးနှစ်အရွယ်မိန်းကလေး လိုက်ပါစီးနင်းလာသည့် ဆိုင်ကယ်ဖြင့်တိုက်မိခဲ့၍ ဆိုင်ကယ်စီးနင်းသူသုံးဦးစလုံး သေဆုံးခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်သူ ကျော်လွင်ဦးအား မိုးကောင်းမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)
မိုးကောင်းသတင်းမီဒီယာ
https://www.facebook.com/mogaungnews.media

မိုးကောင်းမြို့နယ်၌ တုန်ဖုန်းယာဉ်နှင့် ဆိုင်ကယ်တိုက်မိ၍ ဆိုင်ကယ်စီးနင်းသူ (၃)ဦး သေဆုံး မိုးကောင်းမြို့နယ်၌ တုန်ဖုန်းယာဉ်နှင့် ဆိုင်ကယ်တိုက်မိ၍ ဆိုင်ကယ်စီးနင်းသူ (၃)ဦး သေဆုံး Reviewed by THITHTOOLWIN on 20:43 Rating: 5
Powered by Blogger.