ပြောင်းဆန် ရောင်းဝယ်မှု အငြင်းပွားရာမှ ကျောက်မဲမြို့နယ် တောင်သူ တဦးသေဆုံး

မေလ ၂၈ ရက် ၂၀၁၉

သျှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် ခိုမုန်း အုပ်စု နမ့်ဟူးကျေးရွာတွင် ပြောင်းဆန် ရောင်းဝယ်ရာမှ အချင်းချင်း အငြင်းပွားကာ အသက် ၄၆ အရွယ် အမျိုးသားတဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မေလ ၂၈ ရက် ညနေ ၅ နာရီဝန်းကျင်က ဦးထိန်ဝင်း အသက် ၄၀ နှစ်ခန့်သည် ပြောင်းရောင်းပြီး နမ့်ဟူးရွာသို့အပြန် အသက် ၄၆ နှစ် အရွယ် ဦးကျော်ဦး နှင့် ပြောင်းဆန်ရောင်းဝယ်မှု ကိစ္စဖြင့် အချင်းချင်း အငြင်းပွားကာ လူသတ်မှု ဖြစ်ပွားခဲ့သည် ဟု ကျောက်မဲ မြို့နယ် ရဲစခန်းမှ စခန်းမှူး ဟန်ဝင်းလှိုင် က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ အချင်းချင်း ပြောင်းဆန်ရောင်းဝယ်မှု ကိစ္စ ကနေ စပြီး ဖြစ်တာပဲ။ သေဆုံးသူ ဦးကျော်ဦး ကတော့ ရင်ဘတ် ဓားခုတ်ဒဏ်ရာ ၂ ချက် နောက်ကျော တချက် နဲ့ ဦးခေါင်းတချက်ပါ။ ကျူးလွန်သူ ကိုတော့ ရဲစခန်းမှာ ချုပ်ထားပါတယ်” ဟု စခန်းမှူး ဟန်ဝင်းလှိုင်က ဆိုသည်။

အဆိုပါ ကျောက်မဲမြို့နယ် နမ့်ဟူးကျေးရွာသား နှစ်ဦးသည် တောင်ယာ လုပ်ကိုင်သူများဖြစ်ကြသည်။ အခင်းဖြစ်ပွါးစဉ် ဓါးထိုးမှုကျူးလွန်သူ ဦးထိန်ဝင်းသည် အရက်မူးနေကြောင်းလည်း ၄င်းက ဆိုပါသည်။

ကျူးလွန်သူ အသက် ၄၀ အရွယ် ဦးထိန်ဝင်းကို လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ဆိုထားကာ ကျောက်မဲမြို့ မြို့မ ရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း သိရသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
ပြောင်းဆန် ရောင်းဝယ်မှု အငြင်းပွားရာမှ ကျောက်မဲမြို့နယ် တောင်သူ တဦးသေဆုံး ပြောင်းဆန် ရောင်းဝယ်မှု အငြင်းပွားရာမှ ကျောက်မဲမြို့နယ် တောင်သူ တဦးသေဆုံး Reviewed by THITHTOOLWIN on 20:02 Rating: 5
Powered by Blogger.