နာရီပေါင်း၂၀နီးပါး ကြာသည်အထိ ဆူပူနေသည့် ရွှေဘိုထောင် အတွင်း လုံခြုံရေးအင်အား အများအပြားဖြင့်ဝင်ထိန်း


ရွှေဘို၊မေ-၉

ရွှေဘိုအကျဉ်းထောင်တွင် မေလ၈ရက်နေ့ညနေပိုင်း ၄နာရီ ၀န်းကျင် အချိန်က ဆူပူမှုစတင်ခဲ့ပြီး နာရီပေါင်း ၂၀အကြာမှာတော့ လုံခြုံရေး အင်အား များပြားစွာဖြင့် ၀င်ရောက်ထိန်းသိမ်းတော့မည့်အခြေအနေဟု တိုင်းအဆင့်တာဝန်ရှိသူတစ်ဦးကပြောသည်။


မေလ၈ရက်နေ့ညပိုင်းက ဆူပူမှုဖြစ်စဉ်တွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုကြောင့် သေဆုံးသူ ၄ဦးရှိခဲ့သည်။ ညပိုင်းက ရုပ်အလောင်း ၁ခု သာအပ်ြငသို့ထုတ်ယူနိုင်ပြီး ယနေ့နေ့လည်ပိုင်းက ရုပ်အလောင်း ၃ခုကို ထောင်အပြင်ဘက်သို့လုံခြုံရေးဖြင့်ထုတ်ယူခဲ့သည်။


အကျဉ်းသားများမှ ၀န်ကြီးချုပ်အား မူးယစ်မှုဖြင့်ကျသူများ အချင်းချင်း တန်းတူအခွင့်အရေးရလိုသည်ဟု တင်ပြကြပြီး။ မူးယစ်အနည်းငယ် ဖြင့် ဖမ်းခံရသူများသည် ထောင်ဒဏ်နှစ်ကြီးကျနေပြီး လွတ်ငြိမ်းချမ်းသာခွင့် တွင်ပါဝင်ခဲ့ခြင်းမရှိသည့်အပေါ် ခံစားရသည်ဟု အကျဉ်းသားတစ်ဦးက ၀န်ကြီးချုပ်အားပြောသည်။


ယင်းနောက် အကျဉ်းသားများမှ ညပိုင်းကဖြစ်စဉ်များကို တင်ပြခဲ့ပြီး ပစ်ခတ်မှု အခြေအနေများကို ၀န်ကြီးချုပ်နှင့်မီဒီယာများကို ၀င်ရောက်ကြည့်ရှုပေးရန် တောင်းဆိုခဲ့သည်။


ဝန်ကြီးချုပ်မှ အကျဉ်းသားများအနေဖြင့် အဆောင်အတွင်းစနစ်တကျ ၀င်ပါက ၀င်ရောက်စစ်ဆေးမည်ဟု ဆိုသော်လည်း ညှိုနှိုင်းမှုမပြေလည် သည့်အတွက် ၀န်ကြီးချုပ်မှပြန်လည်ထွက်ခွာသွားခဲ့သည်။


ယင်းနောက်ပိုင်းလုံခြုံရေးတပ်ဖွဲ့များထောင်အတွင်းဝင်ရောက်သွားပြီဖြစ် ပြီးသက်ဆိုင်ရာအဆောင်များသို့ဝင်ရောက်ရန် ဆောင်ရွက်မည်ဟု သိရသည်။


Monywa Gazette
https://www.facebook.com/monywagazette

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ