အမှတ်(၁) ပေါက်တံတားပေါ်မှ ပေါက်ရွှေပြည်ခရီးသည်တင် မှန်လုံယာဉ်တစ်စီး ယောချောင်းအတွင်း ပြုတ်ကျ


ပေါက် ၂၂ မေ

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်၌ ပေါက်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း ဦးဇော်မင်းထက် မောင်းနှင်လာသော ပေါက်ရွှေပြည်ခရီးသည်တင် မှန်လုံယာဉ်တစ်စီးသည် ယနေ့ နံနက်ပိုင်းက အမှတ်(၁) ပေါက်တံတားအပေါ်တွင် ကားဘယ်ဘက်ရှေ့ဘီးပေါက်ကာ အရှိန်မထိန်းနိုင်၍ တံတားတိုင်အမှတ် P3 နှင့် P4 အကြား တံတားဘယ်ဘက်ခြမ်းရှိ လက်ရန်းတိုင်များအား ဝင်တိုက်မိပြီး တံတားအောက် အနက်ပေ ၁၅ ခန့်ရှိ ယောချောင်းအတွင်းသို့ ပြုတ်ကျတိမ်းမှောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ဦးဇော်မင်းထက်နှင့်အတူ ခရီးသည်ငါးဦးတို့မှာ ဒဏ်ရာများရရှိခဲ့ပြီး ပေါက်မြို့ရဲစခန်းမှ တပ်ဖွဲ့ဝင်များက အဝေရာလူမှုကူညီရေးအသင်းကားဖြင့် ပေါက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အား မဆင်မခြင်ပေါ့ဆစွာ မောင်းနှင်သူ ပေါက်မြို့နယ် ပေါက်ချောင်းအောက်စု ကျေးရွာနေသူ ဦးဇော်မင်းထက်အား ပေါက်မြို့မရဲစခန်းက အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

ဉာဏ်တိုး(ပေါက်)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ