သတင်းမီဒီယာလွတ်လပ်ခွင့် ဓာတ်ပုံပြပွဲ

ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်းက ORCHID ဟိုတယ်မှာ ၂၀၁၉၊ မေ ၂၇ ရက်နေ့က ကျင်းပတဲ့ သတင်းလွတ်လပ်ခွင့် ဓာတ်ပုံပြပွဲမှာ ပြသထားတဲ့ ပုံတစ်ပုံကို တွေ့ရစဉ်
သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် တောင်းဆိုဆန္ဒပြပွဲတွေ၊ လှုပ်ရှားမှုတွေနဲ့ပတ်သက်လို့ မှတ်တမ်းတင် ရိုက်ကူးထားတဲ့ သတင်းဓာတ်ပုံတွေကို ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်းက ORCHID ဟိုတယ်မှာ ဒီနေ့ ပြသနေပါတယ်။

သတင်းလွတ်လပ်ခွင့် Press Freedom ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ ဒီဓာတ်ပုံပြပွဲမှာ သတင်းသမားတွေ သတင်းလွတ်လပ်ခွင့်အတွက် ဆန္ဒထုတ်ဖော်နေပုံတွေ၊ သတင်းသမားတွေ ဖမ်းဆီးချုပ်နှောင်ခံရပုံတွေ စုစုပေါင်း ပုံ ၄၀ ကို အဓိက ပြသထားတာဖြစ်ပါတယ်။

မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီ အဖွဲ့ဝင် မလှလှဝင်းက သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် လှုပ်ရှားခဲ့တဲ့ထဲမှာ သတင်းသမားတွေအပြင် အရပ်ဘက်အဖွဲ့အစည်းတွေပါ ပူးပေါင်းပါဝင်ခဲ့တယ်ဆိုတာကို အများပြည်သူ သိရှိစေဖို့ ပြသလိုတာကြောင့် ဓာတ်ပုံပြပွဲကို ကျင်းပရတာဖြစ်ကြောင်း ပြောပါတယ်။

ပြသထားတဲ့ ပုံတွေနဲ့ ပတ်သက်ပြီး ပြပွဲစီစဉ်သူတစ်ဦးဖြစ်တဲ့ ကိုဂျေပိုင်က ၂၀၁၂ ခုနှစ်ကနေ ဒီနေ့အထိ သတင်းလွတ်လပ်ခွင့်ရရှိဖို့အတွက် သတင်းမီဒီယာသမားတွေ ကြိုးစားခဲ့တဲ့ ပုံတွေနဲ့ ဖမ်းဆီးခံထားရတဲ့ သတင်းသမားတွေ လွတ်မြောက်ရေး ဆန္ဒပြတောင်းဆိုခဲ့တဲ့ ပုံတွေကို အဓိကပြထားကြောင်း ပြောပါတယ်။

ဒီပြပွဲကို ဒီနေ့တစ်ရက်သာ ကျင်းပတာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ဇောဝင်း နဲ့ ကိုထက်အာကာ တို့ ပေးပို့တာပါ။

RFA Burmese
https://www.rfa.org

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ