ဖန်နီမုန်တိုင်း ကနေ လေဖိအားနည်းရပ်ဝန်းကို ရောက်ရှိသွားပြီ

ဖန်နီမုန်တိုင်း ကနေ လေဖိအားနည်းရပ်ဝန်းကို ရောက်ရှိပြီ
အိန္ဒိယနိုင်ငံ အရှေ့ပိုင်း၊ ကမ်းရိုးတန်း မဂ္ဂါလေရာပြည်နယ် (Meghalaya) မှာ ဖြစ်ပေါ်ခဲ့တဲ့ ဖန်နီမုန်တိုင်းဟာ မုန်တိုင်းငယ်အဖြစ်ကနေ အားပျော့လာပြီး အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်(Assam) ကို ရောက်ရှိချိန်မှာ လေဖိအားနည်းရပ်ဝန်း (Low Pressure Area) အဖြစ် အားလျော့သွားပြီလို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အဲဒီ လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာတော့ မိုးရွာနိုင်တယ်လို့ ဆိုပါတယ်။ တနင်္သာရီ ကမ်းရိုးတန်းနဲ့ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် လှိုင်းကြီးပြီး လှိုင်းအမြင့်ပေ ၉ ပေ ကနေ ၁၁ ပေ အထိ ရှိနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာလည်း မိုးသက်လေပြင်း ကျနိုင်ပြီး၊ တစ်နာရီကို မိုင် ၄၀ အထိ တိုက်ခတ်နိုင်တယ်လို့ သတိပေးထားပါတယ်။

BBC Burmese
https://www.bbc.com
ဖန်နီမုန်တိုင်း ကနေ လေဖိအားနည်းရပ်ဝန်းကို ရောက်ရှိသွားပြီ  ဖန်နီမုန်တိုင်း ကနေ လေဖိအားနည်းရပ်ဝန်းကို ရောက်ရှိသွားပြီ Reviewed by THITHTOOLWIN on 16:08 Rating: 5
Powered by Blogger.