အရှိန်ပြင်းစွာမောင်းနှင်လာသောယာဉ်တိမ်းမှောက်၍ ယာဉ်မောင်းသေဆုံး


ကာမိုင်း မေ ၂၀

ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊ လဝါးကျေးရွာအုပ်စု၊ လဝါးကျေးရွာအနီးတွင် မေ (၁၉)ရက် နံနက်(၉)နာရီခွဲခန့်က မြစ်ကြီးနား-တနိုင်းသွားလီဒိုလမ်းမကြီးပေါ်၌ အရှိန်ပြင်းစွာမဆင်မခြင်မောင်းနှင်လာသောယာဉ်တိမ်းမှောက်၍ ယာဉ်မောင်းသေဆုံးခဲ့ကြောင်း သိရှိရသည်။


ဖြစ်စဉ်မှာ မြစ်ကြီးနား-တနိုင်းလီဒိုလမ်းမကြီးပေါ်တွင် မန္တလေးမှဖားကန့်ဘက်သို့ မနောမန္တလာယာဉ်လိုင်းမှယာဉ်မောင်းအောင်ဌေးလွင်(၅၂)နှစ်၊ ကျောက်ဆစ်ရပ်ကွက်၊ စစ်ကိုင်းမြို့နေသူမောင်းနှင်လာသော GG/-------AD Van အဖြူရောင်ယာဉ်သည် ပေါ့ဆစွာမောင်းနှင်လာ၍ အရှိန်မထိန်းနိုင်ဘဲကားလမ်းမ၏တောင်ဘက်သို့ထိုးကျတိမ်းမှောက်သဖြင့် ယာဉ်မောင်းအောင်ဌေးလွင် ဒဏ်ရာများရရှိပြီးယာဉ်ပေါ်တွင်လိုက်ပါလာသည့်ခရီးသည် မခါးရာ(ခ)အတောမ်၊ (၄၄)နှစ်၊ နှင့် အိုက်လင်း(၂၇)နှစ်၊ တို့တွင် ဒဏ်ရာများရရှိခဲ့သဖြင့် ကာမိုင်းတိုက်နယ်ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ယာဉ်ကိုမဆင်မခြင်မောင်းနှင်သူအောင်ဌေးလွင်အား ကာမိုင်းနယ်မြေရဲစခန်းက ဥပဒေအရအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။


ထို့နောက် တရာခံဖြစ်သူအောင်ဌေးလွင်သည် ကာမိုင်းတိုက်နယ်ဆေးရုံတွင် အတွင်းလူနာ(စိုးရိမ်ရ)အနေဖြင့်တက်ရောက်ကုသနေရာမှ မွန်းလွဲ(၁)နာရီတွင် ရရှိထားသောဒဏ်ရာများဖြင့် ဆေးကုသနေစဉ်အတွင်း သေဆုံးသွားကြောင်း သိရှိရသည်။

ဇွဲသူရအောင် (ကာမိုင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အရှိန်ပြင်းစွာမောင်းနှင်လာသောယာဉ်တိမ်းမှောက်၍ ယာဉ်မောင်းသေဆုံး အရှိန်ပြင်းစွာမောင်းနှင်လာသောယာဉ်တိမ်းမှောက်၍ ယာဉ်မောင်းသေဆုံး Reviewed by THITHTOOLWIN on 20:50 Rating: 5
Powered by Blogger.