ထန်းတပင်မြို့နယ် ရန်ကုန် - ပုသိမ်လမ်းကားလမ်း မိုင်တိုင် အမှတ်(၁၁/၁) နှင့် မိုင်တိုင်အမှတ်(၁၁)ကြား၌ ယာဉ်တိုက်မှု ဖြစ်ပွားရာ လူတစ်ဦးသေဆုံး၍ လူခြောက်ဦးဒဏ်ရာရရှိ


ထန်းတပင်၊ မေ ၂၇

ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ် ညောင်ပင်သာရွာ ရန်ကုန် - ပုသိမ်ကားလမ်း မိုင်တိုင် အမှတ်(၁၁/၁)နှင့်မိုင်တိုင် အမှတ်(၁၁)ကြား၌ မေ၂၆ရက် မွန်းလွဲ ၂ နာရီ(၃၀)မိနစ်အချိန်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးမှုဖြစ်ပေါ်ခဲ့ပြီး လူခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ရန်ကုန် - ပုသိမ်ကားလမ်းအတိုင်း အနောက်မှအရှေ့သို့ (ထန်တပင်ဘက်မှလှိုင်သာယာ ဘက်) ယာဉ်မောင်း ထွန်းညို (၄၉)နှစ် မောင်းနှင်လာသော MDY GG/---- NISSAN AD VAN အဖြူရောင် (ငှား)ယာဉ်သည် ညောင်ပင်သာရွာ မိုင်တိုင်အမှတ်(၁၁/၁)နှင့်မိုင်တိုင် အမှတ်(၁၁)ကြားအရောက်တွင် အရှိန်လွန်ကာ တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိပြီးမျက်နှာချင်းဆိုင်မှ ယာဉ်မောင်းမင်းမင်းဦးမောင်းနှင်လာ သော YGN 6I/---- HIGER MINIBUS ရွှေခယ်ဝတီ (ရန်ကုန်-ဝါးခယ်မ) လိုင်းအဝါရောင် (ငှား) ယာဉ်အားတိုက်မိသဖြင့် ယာဉ်(၂)စီးလုံးပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။

ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် MDY GG/---- NISSAN AD VAN အဖြူရောင်(ငှား)ယာဉ်ပေါ်ပါ ဒေါ်ခင်လှ(၆၅)နှစ်တွင် နဖူးဝဲဘက်စုတ်ပြဲ၊ မေးစေ့စုတ်ပြဲ၊ ရင်ဘက်ညိုမဲ၊ ဝဲလက်မောင်းဖူးရောင် ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးမှုဖြစ်ပေါ်ခဲ့ပြီး MDY GG/---- NISSAN AD VAN အဖြူရောင် (ငှား) ယာဉ်မောင်းထွန်းညို နှင့်ယာဉ်ပေါ်ပါ လူလေးဦး၊ YGN 6I/---- HIGER MINIBUS ယာဉ်ပေါ်ပါလူတစ်ဦး စုစုပေါင်း လူ(၆)ဦးတို့တွင်ဒဏ်ရာများရရှိခဲ့ကြကာ လှိုင်သာယာဆေးရုံကြီးသို့ အတွင်းလူနာများအဖြစ်တင်ပို့ ကုသနေရကြောင်းသိရသည်။

အဆိုပါ အခင်းဖြစ်စဉ်နေရာသို့ ထန်းတပင်မြို့နယ် မီးသတ်စခန်းမှ စခန်းတာဝန်ခံ ဒုတိယ မီးသတ် ဦးစီးမှူး ဦးမိုးမင်းအောင်ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်(၇)ဦးနှင့် လှိုင်သာယာမြို့နယ် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်(၇)ဦးတို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ယာဉ်အားမဆင်မခြင်မောင်းနှင်သူ အမှတ်(၃၉၀)၊ မြို့ပတ်လမ်း၊ (၃)ရပ်ကွက်၊ ပြင်ဦးလွင် မြို့နယ်နေသူ ယာဉ်မောင်း ထွန်းညို (၄၉)နှစ်အား တက်သစ်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိ ကြောင်းသိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ