အရှိန်လွန်မော်တော်ယာဉ် ကွန်ကရစ်တိုင်ဝင်တိုက် လမ်းဘေးမြောင်းထဲ ထိုးကျတိမ်းမှောက်


သရက်ချောင်း မေ ၎

တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် စုံစင်ဖျားကျေးရွာ ထားဝယ် - မြိတ်ကားလမ်းမိုင်တိုင် အမှတ် (၃၃/၁)နှင့် (၃၃/၂)အကြားတွင် ယနေ့ ၆နာရီ၁၅ခန့်က ယာဉ်တိမ်းမှောက် မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ခြမ်းရှိ ကွန်ကရစ်တိုင်အား ဝင်တိုက်မိပြီး လမ်းဘေးမြောင်းအတွင်း တိမ်းမှောက်ခဲ့သဖြင့် ဒေါ်နန်းခင်လွင်တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ကျန်လူများ ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း သို့ဖြစ်၍ မော်တော်ယာဉ်အား မဆင်မခြင်ပေါ့ဆစွာမောင်းနှင်သည့် ဝင်းဆန်းအား ဝင်းဝနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက် ထားကြောင်း သိရသည်။

မျိုးချစ်ဦး(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အရှိန်လွန်မော်တော်ယာဉ် ကွန်ကရစ်တိုင်ဝင်တိုက် လမ်းဘေးမြောင်းထဲ ထိုးကျတိမ်းမှောက် အရှိန်လွန်မော်တော်ယာဉ် ကွန်ကရစ်တိုင်ဝင်တိုက် လမ်းဘေးမြောင်းထဲ ထိုးကျတိမ်းမှောက် Reviewed by THITHTOOLWIN on 19:49 Rating: 5
Powered by Blogger.