လီယိုနာဒို ဒါဗင်ချီ စိတ်ဂနာမငြိမ် ဖြစ်ခဲ့သလား


မိုနာလီဇာ ပန်းချီကားနဲ့ ကျော်ကြားတဲ့ Renaissance ပန်းချီပညာရှင် Leonardo da Vinci ဟာ ADHD လို့ လူသိများတဲ့ အာရုံစူးစိုက်ရခက်တဲ့ ဂနာမငြိမ်ရောဂါ ရှိလောက်တယ်လို့ ဗြိတိန်နိုင်ငံက စိတ်ပညာပိုင်းဆိုင်ရာ ပါမောက္ခတယောက်က သုံးသပ်ပါတယ်။

ပန်းချီ၊ သိပံ္ပ၊ ဗိသုကာ၊ ဂီတ၊ သင်္ချာ၊ အင်ဂျင်နီယာနဲ့ မြေပုံရေးဆွဲတဲ့ ပညာတွေနဲ့ ဘက်စုံတော်တဲ့ Leonardo da Vinci သေဆုံးသွားတာ နှစ် ၅၀၀ ကျော်ချိန်မှာ အခုလို သုံးသပ်တဲ့ စာတမ်းတခု ထွက်လာတာပါ။

Leonado da Vinci ဟာ သူ့စီမံကိန်းတွေ အဆုံးမသတ်နိုင်တာကို ကြည့်ခြင်းဖြင့် သိပံ္ပပညာပိုင်းဆိုင်ရာအရ သူဟာ ADHD ဂနာမငြိမ်ရောဂါ ရှိလောက်တယ်လို့ ကောက်ချက်ချကြောင်း လန်ဒန် King’s College ပါမောက္ခ Marco Catani က အာရုံကြောဆိုင်ရာ စာစောင် Brain မှာ သောကြာနေ့က သူ့စာတမ်းကို ထုတ်ပြန်လိုက်ပါတယ်။

da Vinci က ငယ်ငယ်ကတည်းက ကိစ္စတွေကို အပြီးသတ်မလုပ်ဆောင်နိုင်ခဲ့ကြောင်း သမိုင်း အထောက်အထားတွေမှာ တွေ့ရတယ်လို့ Catani က ပြောပါတယ်။

အလုပ်တခုက တခု မကြာခဏ ပြောင်းလုပ်တတ်သူဖြစ်ပြီး အမြဲတမ်း တခုမဟုတ် တခုလုပ်နေရမှ ဖြစ်တဲ့သူလို့ သူ့အကြောင်း အတ္ထုပ္ပတ္တိရေးသူတွေက ရေးခဲ့ဖူးပါတယ်။ ADHD ရှိသူအများစုလိုပဲ da Vinci က အအိပ်အနေနည်းသူဖြစ်ပြီး ညလုံးပေါက် ရက်ဆက် အလုပ်လုပ်တတ်သူလည်း ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
လီယိုနာဒို ဒါဗင်ချီ စိတ်ဂနာမငြိမ် ဖြစ်ခဲ့သလား လီယိုနာဒို ဒါဗင်ချီ စိတ်ဂနာမငြိမ် ဖြစ်ခဲ့သလား Reviewed by THITHTOOLWIN on 02:35 Rating: 5
Powered by Blogger.