ကလောမြို့နယ်၌ မီးလောင်မှုဖြစ်ပွား နှစ်ဦးသေဆုံးလေးဦးဒဏ်ရာရ


ကလော မေ ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင် ကလောမြို့အမတ်(၅)ရပ်ကွက်ရှိ နတ်စင်လမ်းတွင် မေလ ၂၉ ရက်နေ့ည ၇ နာရီ မိနစ် ၂၀ ခန့်အချိန်တွင် ဒေါ်စန်းစန်းဝင်း နေအိမ်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိကြောင်း သိရသည်။


ဖြစ်စဉ်မှာအိမ်ပိုင်ရှင် ဒေါ်စန်းစန်းဝင်း(သ) ၅၀ နှစ်၊ နေအိမ်တွင် မြေးတော်စပ်သူ မစိုးမြတ်နိုးဝတီ မှ လျှပ်စစ်ခြင်ရိုက်တံဖြင့် ဆော့ကစားနေစဉ် အနီးရှိ ဒေါ်စန်းစန်းဝင်း မှ ပေါ့လျော့စွာဖြင့် ဆိုင်ကယ်အား ဓါတ်ဆီဖြည့်သွင်းမှုကြောင့်ဆိုင်ကယ်အား မီးစတင်လောင် ကျွမ်းခဲ့သည်။ မီးလောင်မှုကြောင့် ဒေါ်စန်းစန်းဝင်း အသက်(၅၀)နှစ်၊ နှင့် နေအိမ်အတွင်းအလုပ်သမားအဖြစ် ခေါ်ယူထားသည့် မမေဇင်ဦး အသက် (၂၂)နှစ်တို့နှစ်ဦးမှာ မီးလောင်ဒဏ်ရာများဖြင့်သေးဆုံးခဲ့ပြီး ဦးဝေမြင့်(၃၁)နှစ် နှစ်ဖူးကွဲ မျက်ခုံးကွဲ ဒဏ်ရာရရှိ ၊ ကိုငယ်လေး (၂၃)နှစ် ခြေတောက်ဒဏ်ရာရရှိ ၊ ကိုမျိုးထွေး (သ)( ၃၂)နှစ် လက်ကျိုး ဒဏ်ရာရရှိ ၊ မစိုးမြတ်နိုးဝတီ(၁၁)နှစ် (၆)လ မှ ခြေလက်များ မီးလောင်ဒဏ်ရာများ(မစိုးရိမ်ရ)ဒဏ်ရာများအသီးသီးဖြင့် မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ ကလောမြို့နယ်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းထိုက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး လှနိုင်ဦးစီး၍၊ ကလောတပ်နယ် မှ အရာရှိစစ်သည်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးသန့်ဇော် နှင့်ပြည်သူများပူးပေါင်း၍ မီးသတ်ယာဉ်(၅)စီး ရေသယ်ယာဉ် ၄ စီး ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ ၈ နာရီ၂ဝမိနစ် မီးထိန်းနိုင်ခဲ့ပြီး ၈ နာရီခွဲတွင် မီးငြိမ်းနိုင်ခဲ့သည်။မီးလောင်မှုကြောင့် (၉×၄၀)ပေ ၄ ခန်း သွပ်မိုး၊ ပျဉ်ကာ မြေစိုက်နေအိမ်နှင့် ကား ၁ စီး ဆိုင်ကယ် ၄ စီး ဆုံးရှုံးပျက်စီးခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်နှင့် စပ်လျဉ်း၍ ကလောမြို့နယ် ရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက် ထားရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကလောမြို့နယ်၌ မီးလောင်မှုဖြစ်ပွား နှစ်ဦးသေဆုံးလေးဦးဒဏ်ရာရ ကလောမြို့နယ်၌ မီးလောင်မှုဖြစ်ပွား နှစ်ဦးသေဆုံးလေးဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 21:14 Rating: 5
Powered by Blogger.