မြန်မာရေကြောင်းပို့ကုန် ကျဆင်း

ရန်ကုန်မြို့၊ ကမ်းနားလမ်းမှာ ကုန်သေတ္တာတင်ယာဉ်တွေကို တွေ့ရစဉ်
အခုနှစ် ဧပြီ ၂၆ ရက်နေ့က စတင်ပြီး ၂၀၁၈- ၁၉ ဘဏ္ဍာနှစ်၊ ခုနှစ်လအတွင်း မြန်မာနိုင်ငံက ရေကြောင်းကနေ တင်ပို့တဲ့ သွင်းကုန် ထုတ်ကုန် တန်ဖိုး စုစုပေါင်းဟာ အမေရိကန်ဒေါ်လာ ၁၃.၉ ဘီလျံရှိတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

ဒီကာလအတွင်း နိုင်ငံခြားတိုင်းပြည်ကို ပိုတဲ့ ကုန်တန်ဖိုး ၅.၃ ဘီလျံဖိုးနဲ့ သွင်းကုန် ၈.၆၅ ဘီလျံ တန်ဖိုးရှိပါတယ်။  အခုဘဏ္ဍရေးနှစ် သွင်းကုန်နဲ့ ထုတ်ကုန်တန်ဖိုးဟာ ၂၀၁၇-၁၈ ထက်စာရင်တော့ ဒေါ်လာ ၁၀၉ သန်းလောက် လျော့နည်းသွားပါတယ်။

မြန်မာနိုင်ငံရဲ့ သွင်းကုန်ထုတ်ကုန် တန်ဖိုးဟာ ၂၀၁၈ အောက်တိုဘာ ၁ ရက်မှ ၂၀၁၉ ဧပြီ ၂၆ ရက်နေ့အထိ ၁၈.၉ ဘီလျံဒေါ်လာ ရှိနေပါတယ်။

RFA Burmese
https://www.rfa.org
မြန်မာရေကြောင်းပို့ကုန် ကျဆင်း မြန်မာရေကြောင်းပို့ကုန် ကျဆင်း Reviewed by THITHTOOLWIN on 15:52 Rating: 5
Powered by Blogger.