တောင်ကြီးမြို့ မိန်းလမ်းက လမ်းမီးတိုင် ဓာတ်ကြိုးခိုးဖြုတ်သူကို ဖမ်းဆီးရမိ


တောင်ကြီး ၊ မေ -၂၁

တောင်ကြီးမြို့ ၊ မိန်းလမ်း(ခ) ဗိုလ်ချုပ်လမ်း အထက (၇) ကျောင်းရှေ့အနီးက ဓာတ်မီးတိုင် ဓာတ်ကြိုး ဖြုတ်ခိုးယူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ အမှတ်(၂) နယ်မြေရဲစခန်းမှ သတင်းရရှိပါတယ်။

အဆိုပါ အထက (၇) ကျောင်းရှေ့ သပြေပင် ပန်းခြံ အတွင်း လမ်းမီးတိုင် ၄ တိုင်က ကေဗယ်ကြိုး မီတာ ၄၀၀ခန့်ကို မေလ ၅ ရက်နေ့က ဖြတ်တောက်ခိုးယူခဲ့တာဖြစ်ပြီးတော့ ဒီလိုဖြစ်ပေါ်ခဲ့တာကို တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအေးကို က တရားလိုပြုလုပ်ပြီး အမှုဖွင့်တိုင်ကြားထားတာပါ။

ဒီလိုတိုင်ကြားထားမှုနဲ့ပတ်သတ်ပြီး တောင်ကြီးနယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်၊ သက်ဆိုင်ရာရပ်ကွက်ရာအိမ်မှူးတွေ ပူးပေါင်းစုံစမ်းနေစဉ် မောချယ်ရီဂိတ်ရှိ ပစ္စည်းအဟောင်း၊ သံတို၊သံစ အရောင်းဆိုင်တစ်ခုမှာ ရွှေတောင်ရပ်ကွက်နေ စိန်ထွန်းဆိုသူမှ မေလ တတိယပတ်အတွင်း လာရောက် ရောင်းချတာကို စုံစမ်းသိရှိရပြီး ဓာတ်မီးတိုင် ဓာတ်ကြိုးဖြုတ်ခိုးယူသူကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ အမှတ်(၂) နယ်မြေရဲစခန်းမှ သိရပါတယ်။

အဆိုပါ စိန်ထွန်း ဆိုသူဟာ ပေ ၂၀ခန့်ရှိ ကြေးချောင်း ၇ ချောင်း ကျစ်ထားတဲ့ နန်းကြိုးခွေ ၁၅ ခွေကို ဆာလာအိတ်အတွင်း ထည့်ပြီးတော့ သံတို၊ သံစ အရောင်းဆိုင်မှာ သွားရောက်ရောင်းချခဲ့တာဖြစ်တယ်လို့ ရဲမှတ်တမ်းမှာဖော်ပြထားပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီးတော့ တောင်ကြီးမြို့  အမှတ် (၂) နယ်မြေရဲစခန်းမှာ ပြစ်မှုကျူးလွန်ခဲ့သူ စိန်ထွန်း ကို ပုဒ်မ ၆(၁) ပြည်သူပိုင်ပစ္စည်း ဖျက်စီးမှုနဲ့ အမှုဖွင့် အရေးယူထားပါတယ်။

သတင်း -ခွန်ဆာ (ရွှေတြိဂံ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews
တောင်ကြီးမြို့ မိန်းလမ်းက လမ်းမီးတိုင် ဓာတ်ကြိုးခိုးဖြုတ်သူကို ဖမ်းဆီးရမိ တောင်ကြီးမြို့ မိန်းလမ်းက လမ်းမီးတိုင် ဓာတ်ကြိုးခိုးဖြုတ်သူကို ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 01:48 Rating: 5
Powered by Blogger.