ပြစ်ဒဏ်စေ့သည့် ထိုင်းနိုင်ငံသားတစ်ဦးကို မယ်ဆိုင်ဘက်သို့ ပြန်လည်လွှဲပြောင်းပေး

ဓာတ်ပုံ - မြန်မာနိုင်ငံရဲတပ်ဖွဲ့

တာချီလိတ်၊ မေ ၂၃

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ရက်က မိုင်းဖြတ်မြို့မှာ မော်တော်ကားကို စစ်ဆေးစဉ် ကျည်ဆံတွေနဲ့ အတူ ဖမ်းဆီးရမိတဲ့ ထိုင်းနိုင်ငံသားဟာ တရားရုံးက ချမှတ်ထားတဲ့ ပြစ်ဒဏ်စေ့ပြီဖြစ်တာကြောင့် ဒီကနေ့ မေလ ၂၃ရက် နေ့လည်ပိုင်းမှာ ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်ကို တာချီလိတ် ချစ်ကြည်ရေးတံတားအမှတ်(၁)ကနေ လွှဲပြောင်းပေးအပ်ပါတယ်။

ထိုင်းနိုင်ငံသား စိုင်းအိုက်ပီးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ရက်က မိုင်းဖြတ်မြို့ တာချီလိတ်-ကျိုင်းတုံကားလမ်းမပေါ်က မြို့ဝင်ဘီခွန်ကောက်ခံရေး စခန်းအနီးမှာ ကျည်ဆံ (၃၈)တောင့်နဲ့အတူ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ - မြန်မာနိုင်ငံရဲတပ်ဖွဲ့

၎င်းကို မိုင်းဖြတ်မြို့မ ရဲစခန်းမှာ ရှမ်းလက်နက်ဥပဒေ ၁၂(ဂ)နဲ့ တရားစွဲဆိုခဲ့ပြီး မေလ ၂၂ရက်မှာ မိုင်းဖြတ်မြို့နယ် တရားရုံးက ထောင်ဒဏ် (၃)လ ကျခံဖို့ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ထောင်ဒဏ်ကျခံရမယ့် ကာလဟာ ချုပ်ရက်နဲ့ ပြည့်မြောက်ခဲ့ပြီး ဖြစ်တာကြောင့် မေလ ၂၃ရက်နေ့လည်ပိုင်းမှာ မြန်မာဘက်က တာဝန်ရှိသူတွေက ထိုင်းနိုင်ငံဘက်က တာဝန်ရှိသူတွေထံ ပြန်လည်လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။

 ရွှေတြိဂံဒေသသတင်း
https://www.facebook.com/GoldenTriangleRegionalNews
ပြစ်ဒဏ်စေ့သည့် ထိုင်းနိုင်ငံသားတစ်ဦးကို မယ်ဆိုင်ဘက်သို့ ပြန်လည်လွှဲပြောင်းပေး ပြစ်ဒဏ်စေ့သည့် ထိုင်းနိုင်ငံသားတစ်ဦးကို မယ်ဆိုင်ဘက်သို့ ပြန်လည်လွှဲပြောင်းပေး Reviewed by THITHTOOLWIN on 00:06 Rating: 5
Powered by Blogger.