နန်းနန်းဘွန်းကျောက် ရွှေဆိုင် ဓားပြတိုက်မှုတွင် ပါဝင်သူတစ်ဦးကို ထပ်မံဖမ်းဆီးရမိ

နန်းနန်းဘွန်းကျောက် ရွှေဆိုင် ဓားပြတိုက်မှုတွင် ပါဝင်သူတစ်ဦးကို ထပ်မံဖမ်းဆီးရမိ

တာချီလိတ်၊ မေ ၎

တာချီလိတ်မြို့၊ ဗိုလ်ချုပ်လမ်းမပေါ်က နန်းနန်းဘွန်းကျောက်ရွှေဆိုင်ကို ဓားပြတိုက်ရာမှာ ပါဝင်သူ (၆)ဦးထဲက ဒုတိယမြောက်တစ်ဦးကို မေလ (၄)ရက် နေ့လည်ပိုင်းက ဝမ်ပုံကျေးရွာရှိ ၎င်းရဲ့နေအိမ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

နန်းနန်းဘွန်းကျောက် ရွှေဆိုင်ကို ဓားပြတိုက်ရာမှာ ပါဝင်ခဲ့သူတစ်ဦးဖြစ်တဲ့ အိုက်ခမ်းသန်း (ခ) ခမ်းထန် (ခ) ဆန်ခမ်းဆန်ရဲ့ နေအိမ်ကို ဝမ်ပုံနယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေက မေလ (၄)ရက် နေ့လည် (၂)နာရီခွဲခန့်က ဝင်ရောက် ရှာဖွေရာမှာ ကျည်ဆံနှစ်တောင့်၊ ရွှေ/သတ္တုအရည်ကြိုတဲ့ ဖားဖို တစ်စုံအပါအဝင် သက်သေခံပစ္စည်းတွေနဲ့အတူ အိုက်ခမ်းသန်းကို ဖမ်းဆီးရမိတာဖြစ်ပါတယ်။

“ရွှေဆိုင်ဓားပြတိုက်မှုမှာ ပါတဲ့ နောက်တစ်ယောက်ကို ထပ်မံဖမ်းမိတာဖြစ်ပါတယ်။ အရင်တစ်ခေါက်သူ့အိမ်ကို ဝင်ရှာတော့ မတွေ့ဘူး။ အခုတစ်ကြိမ်မှ တွေ့တာပါ” လို့ တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး လှဦးက ပြောပါတယ်။

မေလ (၂၉)ရက် မနက် (၇)နာရီခွဲခန့်က တာချီလိတ်မြို့၊ ဗိုလ်ချုပ်လမ်းပေါ်မှာရှိတဲ့ နန်းနန်းဘွန်းကျောက်ရွှေဆိုင်ကို လူ (၆)ဦးပါဝင်တဲ့ အဖွဲ့က လက်နက်တွေကိုင်ဆောင်ကာ ဓားပြဝင်တိုက်ခဲ့ပြီး ငွေသား၊ ရွှေထည်နဲ့ စိန်ထည်အပါအဝင် ကျပ်သိန်း (၂၉၀၀)ဖိုးခန့် တန်ကြေးရှိတဲ့ ပစ္စည်းတွေ ယူဆောင်သွားတာဖြစ်ပါတယ်။

ဓားပြတိုက်မှုမှာ ပါဝင်သူတစ်ဦးကို တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့က ဧပြီလ (၂)ရက်က မိုင်းကိုးကျေးရွာအုပ်စုတွင်းမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ဒုတိယမြောက်ပါဝင်သူ တစ်ဦးကို မေလ (၄)ရက်နေ့မှာ ထပ်မံဖမ်းဆီးရမိတာလည်း ဖြစ်ပါတယ်။

ရွှေတြိဂံဒေသသတင်း
https://www.facebook.com/GoldenTriangleRegionalNews
နန်းနန်းဘွန်းကျောက် ရွှေဆိုင် ဓားပြတိုက်မှုတွင် ပါဝင်သူတစ်ဦးကို ထပ်မံဖမ်းဆီးရမိ နန်းနန်းဘွန်းကျောက် ရွှေဆိုင် ဓားပြတိုက်မှုတွင် ပါဝင်သူတစ်ဦးကို ထပ်မံဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 16:17 Rating: 5
Powered by Blogger.