ခင်ဦးဘူတာ၌ အမည်မသိ ခရီးသွားအမျိုးသားတစ်ဦး ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေ


ခင်ဦး မေ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ် ခင်ဦးဘူတာရုံ၌ မေ(၂၉)ရက်နေ့ နံနက်(၇)နာရီခွဲခန့်က ပြင်ပဒဏ်ရာ မရှိဘဲ ခရီးသွား အမျိုးသားတစ်ဦး သေဆုံးနေကြောင်း ဘူတာရုံတာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ခင်ဦးမြို့ မြကန်သာရပ်ကွက် ခင်ဦးဘူတာ စင်္ကြန်ပေါ်ရှိ ထိုင်ခုံပေါ်တွင် ခရီးသွား အမျိုးတစ်ဦး သေဆုံးနေကြောင်း ဒုရုံပိုင် ဦးအောင်မျိုးဆွေမှ အကြောင်းကြားဖြင့် မြို့မရဲစခန်းမှူး ဒုရဲမှူးထွဏ်းထွဏ်းဦး နှင့်တပ်ဖွဲ့ဝင်များ၊ သွားရောက်စစ်ဆေးရာ သေဆုံးနေသူမှာ အရပ်(၅)ပေ (၆)လက်မခန့်ရှိ အသားညို၊ အနီရောင်တီရှပ်အင်္ကျီ၊ အပြာရောင်ကွက်စိတ်ပုဆိုးနှင့် ဝဲလက်သန်းကြွယ်တွင် ကြေးလက်စွပ်(၁)ကွင်း ဝတ်ဆင်ထားသော အသက်(၄၀)ခန့်ရှိ အမည်မသိအမျိုးသားတစ်ဦးမှာ ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရှိဘဲ သေဆုံးနေကြောင်းတွေ့ရှိ ရသဖြင့် ရဲဆေးစာဖြင့် ခင်ဦးပြည်သူ့ဆေးရုံ သို့ မြတ်သီရိနာရေး ကူညီမှုအသင်းမှ ပို့ဆောင်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း (ဟုတ်/မဟုတ်) မြို့မရဲစခန်းမှ အမှုဖွင့် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ချစ်စံ(ခင်ဦး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ခင်ဦးဘူတာ၌ အမည်မသိ ခရီးသွားအမျိုးသားတစ်ဦး ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေ ခင်ဦးဘူတာ၌ အမည်မသိ ခရီးသွားအမျိုးသားတစ်ဦး ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေ Reviewed by THITHTOOLWIN on 00:45 Rating: 5
Powered by Blogger.