မိတ္ထီလာ၌ ယာဉ်တစ်စီးချောက်ထဲတိမ်းမှောက်ပြီး ယာဉ်မောင်းဖြစ်သူထွက်ပြေးတိမ်းရှောင်


မိတ္ထီလာမေ ၂၆

မန္တလေးတိုင်းဒေသကြီးမိတ္ထီလာမြို့နယ် ရတနာမာရ်ရပ်ကွက်နယ်မြေရန်ကုန်-မန္တလေး ကားလမ်းမ မိုင်တိုင်အမှတ် ၃၃၇ / ၃ နှင့် ၃၃၇ / ၄ အကြားဖောင်တော်ထိပ်ဘုရား အနီးရှိချောက်ထဲသို့ မေ ၂၆ နံနက် ၆ နာရီခန့်က ယာဉ်တစ်စီးတိမ်းမှောက်ပြီးယာဉ်မောင်းဖြစ်သူထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်းသိရသည်။

ဖြစ်စဉ်မှာနံနက် ၈ နာရီ ၃၀ မိနစ်ခန့်ကယာဉ်တစ်စီးချောက်ထဲတွင် တိမ်းမှောက်နေကြောင်းသတင်းရရှိသဖြင့် မြို့မရဲစခန်းမှ ဒုရဲအုပ်သက်ပိုင်စိုးသည် တပ်ဖွဲ့ဝင်များ ၊ အသိသက်သေများနှင့်အတူ သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့သည်။ ထိုသို့ကြည့်ရှု စစ်ဆေးရာချောက်ထဲတွင် ယာဉ်အမှတ်SHN – ---- နံပါတ်ပါ HONDA FIELDER အဖြူရောင်မော်တော်ယာဉ်မှာ ပက်လက်အနေအထားဖြင့် တိမ်းမှောက်နေကြောင်း တွေ့ရသည်။

တိမ်းမှောက်နေသောမော်တော်ယာဉ်ထဲတွင် တစ်စုံတစ်ဦးမှ မတွေ့ရဘဲယာဉ်မောင်းဖြစ်သူမှာလည်းထွက်ပြေးတိမ်းရှောင်သွားကြောင်းသိရသည်။

ထိုကြောင့် အဆိုပါ ယာဉ်အားမဆင်မခြင်မောင်းနှင်ပြီးထွက်ပြေး တိမ်းရှောင်နေသောယာဉ်မောင်းဖြစ်သူအားမြို့မရဲစခန်းက အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ချမ်းသာ ( မိတ္ထီလာ )
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မိတ္ထီလာ၌ ယာဉ်တစ်စီးချောက်ထဲတိမ်းမှောက်ပြီး ယာဉ်မောင်းဖြစ်သူထွက်ပြေးတိမ်းရှောင် မိတ္ထီလာ၌ ယာဉ်တစ်စီးချောက်ထဲတိမ်းမှောက်ပြီး ယာဉ်မောင်းဖြစ်သူထွက်ပြေးတိမ်းရှောင် Reviewed by THITHTOOLWIN on 01:57 Rating: 5
Powered by Blogger.