တောင်ငူမြို့နယ် ကန်ရိုးကျေးရွာအနီးတွင် အမှတ် ၃၂ အစုန်အမြန်ရထား လမ်းဖြတ်ကူးသည့် မော်တော် ယာဉ်နှင့်တိုက်မိ


တောင်ငူ မေ ၎

နေပြည်တော်မှရန်ကုန်သို့ထွက်ခွာလာသော အမှတ် ၃၂ အစုန်အမြန်ရထားသည် မေ ၄ ရက်နေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်အချိန်ခန့် တောင်ငူမြို့နယ်၊ ကန်ရိုးကျေးရွာအနီး မိုင်တိုင် ၂၆၈^၁၁ နှင့် ၁၂ အကြား ကံရိုးကျေးရွာနှင့်အနောက်ဘက်ရှိ ညောင်သုံးပင်ကျေးရွာ၊ဘုန်းကြီးကျောင်းလမ်း ဂိတ်မရှိသည့် ရထားလမ်းကူးအရောက် ရထားလမ်းအရှေ့ဘက်မှအနောက် ဘက်သို့ ဖြတ်ကူးသည့် သစ်ခွဲသားများ တင်ဆောင်ထားသည့် ယာဉ်ငယ်တစ်စီးအားတိုက်မိပြီး ဒရွှတ်တိုက်ပါသွားခဲ့ရာ မိုင်တိုင် ၂၆၈/၅ နှင့် ၅ အကြားအရောက်ရထားမှရပ်တန့်သွားခဲ့ခြင်း ဖြစ်သည်။

အခင်းဖြစ်ပွားရာသို့ တောင်ငူမြို့မရဲစခန်းမှ စခန်းမှူး ရဲအုပ် ကျော်ကျော်ဦး နှင့်အဖွဲ့ကစစ်ဆေးဆောင်ရွက်ခဲ့ရာ တောင်ငူမြို့မြောက်ဘက်၊ ကံရိုးကျေးရွာမှအနောက်ဘက်ရှိ ညောင်သုံးပင်ကျေးရွာဘက်သို့ ယာဉ်မောင်းနှင့်လိုက်ပါ လာသူတစ်ဦးပါရှိသော YGN- 7I/-----AEARS သစ်ခွဲသားများ တင်ဆောင်ထားသည့်ယာဉ်သည် လမ်းအနောက်ဘက်ကိုဖြတ်ကူး စဉ် နေပြည်တော်-ရန်ကုန်အမြန်ရထားနှင့်တိုက်မိခဲ့ခြင်း ဖြစ်သည်။

" ယာဉ်ပေါ်ပါနှစ်ယောက်ပါတယ် နှစ်ယောက်စလုံးအခြေအနေ မကောင်းဘူး သတိလစ်နေတော့ ဘယ်ကမှန်းလဲမသိသေးဘူး အခုတောင်ငူ ဆေးရုံကြီး ကိုအရေးပေါ်ပို့ထားပါတယ်" ဟု အခင်းဖြစ်ရပ်ကိုစစ်ဆေးနေသည့် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ လတ်တလာရထားလမ်းပေါ်တွင် ကန့်လန့်ဖြတ်တင်နေသည့် ယာဉ်ငယ်ပေါ်မှ သစ်ခွဲ သားများအား ကံရိုးနှင့်ညောင်သုံးပင်ကျေးရွာဒေသခံများသယ်ချ၍ ယာဉ်ငယ်အား လမ်းအရှေကဘက်သို့ ဖယ်ရှားကား ရထားဆက်လက်ထွက်ခွာနိုင်ရန်ဆောင်ရွက်လျက်ရှိပြီး အမှုဖြစ်စဉ်နှင့်ပါတ်သက်၍ တောင်ငူမြို့မရဲစခန်းက အမှုဖွင့်နိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
တောင်ငူမြို့နယ် ကန်ရိုးကျေးရွာအနီးတွင် အမှတ် ၃၂ အစုန်အမြန်ရထား လမ်းဖြတ်ကူးသည့် မော်တော် ယာဉ်နှင့်တိုက်မိ တောင်ငူမြို့နယ် ကန်ရိုးကျေးရွာအနီးတွင် အမှတ် ၃၂ အစုန်အမြန်ရထား လမ်းဖြတ်ကူးသည့် မော်တော် ယာဉ်နှင့်တိုက်မိ Reviewed by THITHTOOLWIN on 19:47 Rating: 5
Powered by Blogger.