ထောင်တွင်းဆူပူမှု လူမှုကွန်ရက်မှာ တိုက်ရိုက်လွှင့်ခဲ့တဲ့ အကျဉ်းသားကို အရေးယူမည်

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုထောင်အတွင်း ဆန္ဒပြတာတွေကို လူမှုကွန်ရက်မှာ တိုက်ရိုက်တင်ခဲ့တာကို တွေ့ရစဉ် /Photo: Aye Lwin - fb
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုထောင်အတွင်း ဆန္ဒပြတာတွေကို လူမှုကွန်ရက်မှာ တိုက်ရိုက်တင်ခဲ့တဲ့ အကျဉ်းသားအပါအဝင် လေးဦးကို အကျဉ်းထောင်အက် ဥပဒေ ပုဒ်မ ၄၂ နဲ့ အရေးယူထားပြီး ဖုန်းပေးခဲ့တဲ့ အကျဉ်းဦးစီးဝန်ထမ်းကိုတော့ စိစစ်ပြီး တရားစွဲဆိုသွားမယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက် အကျဉ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက RFA ကို ပြောပါတယ်။

မေလ ရှစ်ရက်နေ့ညက ရွှေဘိုအကျဉ်းထောင်တွင်းဆူပူမှုကို တိုက်ရိုက်လွှင့်တင်ခဲ့တဲ့ အကျဉ်းသားတစ်ဦးနဲ့ ပါဝင်ပတ်သက်နေတဲ့ အကျဉ်းသား သုံးဦးရှိပြီး ဖုန်းစုစုပေါင်း လေးလုံး စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဦးမင်းထွန်းစိုးက ပြောပါတယ်။

မေလ ရှစ်ရက်နေ့က ကလေးအကျဉ်းထောင်ကစပြီး အကျဉ်းသားတွေ လွတ်ငြိမ်းချမ်းသာခွင့် တန်းတူအခွင့်အရေး ရရှိရေး၊ သတင်းမီဒီယာတွေနဲ့ တွေ့ခွင့်ရရေး၊ လူ့အခွင့်အရေး ကော်မရှင်နဲ့ တွေ့ဆုံခွင့်ပေးရေးနဲ့ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခွင့်ပေးရေး စတဲ့အချက်တွေ တောင်းဆိုခဲ့ကြတာပါ။

မေ ရှစ်ရက်နေ့ညပိုင်းမှာ စစ်ကိုင်းတိုင်း ရွှေဘိုထောင်တွင်း ဆူပူမှုမှာတော့ သေနတ်ပစ်ခတ်ခဲ့ရအထိ ဖြစ်ခဲ့ပြီး အကျဉ်းသား လေးဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။

RFA Burmese
https://www.rfa.org/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ