မြေပုံမြို့နယ် စစ်တွေ-ရန်ကုန် ကားလမ်းပေါ်တွင် ခရီးသည်တင်ကား မိုင်းပေါက်ကွဲထိမှန်

ဓာတ်ပုံ-  စိုးသူရ

နိရဉ္စရာ၊ မေလ ၃၁/ ၂၀၁၉

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ စစ်တွေ- ရန်ကုန်ကားလမ်းပေါ်တွင် ခရီးသည် ၄၄ ဦးကို တင်ဆောင်လာသည့် ရွှေမန်းရတနာကား ယနေ့ ညနေက မိုင်းပေါက်ကွဲ ထိမှန်ခဲ့သည်ဟု သတင်းရရှိသည်။
ဓာတ်ပုံ- စိုးသူရ
မြေပုံမြို့နယ် အုပ်ချုပ်ရေးမှူးက “ ဖြစ်တာက ဒီကနေ့ ညနေ ၄ နာရီခွဲမှာ ဖြစ်တာပါ။ မြေပုံမြို့နယ်၊ ပင်ကပ်ချောင်း ကျေးရွာအုပ်စု၊ ချောင်းကြီးကျေးရွာအနီးမှာ ကားလမ်းဘေးကို ချစဉ် မိုင်းပေါက်ကွဲတယ်လို့ ကနဦး သတင်းရရှိပါတယ်။ ကားပျက်စီးပေမယ့် ခရီးသည်တွေ ထိခိုက်မှု တစ်စုံတစ်ရာ မရှိဘူးလို့ သတင်းရပါတယ်” ဟု နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။

မိုင်းပေါက်ကွဲသည့် နေရာသည် စစ်တွေဘက်ကလာလာလျှင် ကြာအင်းတောင်ကျေးရွာ အလွန် ချောင်းကြီးကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဓာတ်ပုံ-  စိုးသူရ
ရွှေမန်းရတနာကားသည် စစ်တွေမှ ရန်ကုန်သို့ ခရီးသည် ၄၄ ဦးကို တင်ဆောင်၍ လာစဉ် မိုင်းပေါက်ကွဲ ထိမှန်ခဲ့ခြင်း ဖြစ်ကြောင်၊ ရန်ကုန်မှ မျက်နာချင်းဆိုင်လာသော ကုန်တင်ကားတစ်စီးကို ရှောင်ရန် လမ်းဘေးသို့ ဆင်းပေးစဉ် ပေါက်ကွဲခြင်း ဖြစ်ကြောင်း စစ်တွေမြို့ ရွှေမန်းရတနာ ကားဂိတ် မန်နေဂျာ ဦးတင်ရွှေက ပြောသည်။

၎င်းပြင် မန်နေဂျာ ဦးတင်ရွှေက “ နောက်ကားဘီးတွေ ပွင့်ထွက်ပြီး ပေါက်သွာတယ်။ ကားမှန်တစ်ချို့ ကွဲသွားတယ်။ ခရီးသည်တွေ ထိခိုက်မှု မရှိဘူး။ အခု စစ်တွေကနေ ကားနောက်တစ်စီး ထပ်လွတ် လိုက်ပါတယ်။ ခရီးသည်တွေ ဆက်ခရီးထွက်နိုင်အောင်ပါ” ဟု နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။

ဒရိုင်ဘာနှင့် စပယ်ယာများလည်း ထိခိုက်မှု မရှိဟု သိရသည်။

ခိုင်လူလှ
Narinjara
https://www.facebook.com/narinjaranews
မြေပုံမြို့နယ် စစ်တွေ-ရန်ကုန် ကားလမ်းပေါ်တွင် ခရီးသည်တင်ကား မိုင်းပေါက်ကွဲထိမှန် မြေပုံမြို့နယ် စစ်တွေ-ရန်ကုန် ကားလမ်းပေါ်တွင် ခရီးသည်တင်ကား မိုင်းပေါက်ကွဲထိမှန် Reviewed by THITHTOOLWIN on 20:24 Rating: 5
Powered by Blogger.