နတ်တလင်းမြို့နယ်တွင် မိုးသည်းထန်ရွာသွန်းပြီး လေပြင်းတိုက်ခိုက်


နတ်တလင်း မေ ၅

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ်တွင် မေ ၄ရက် ညနေ၆နာရီခွဲအချိန်ခန့်၌ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် မြို့နယ်အတွင်းရှိလူနေအိမ်များနှင့် သာသနိကအဆောက်အဦများပြိုလဲပျက်ဆီးမှုများဖြစ်ပွားခဲ့သည်။


မြို့ပေါ်ရပ်ကွက်များဖြစ်သောဇီးကုန်းလေးရပ်ကွက်တွင်နေအိမ်(၅၅)လုံး၊ ဘုန်းကြီးကျောင်း(၁)ကျောင်း၊ သာဇီရပ်ကွက်တွင် နေအိမ်(၉၁)လုံး၊ မြို့မရပ်ကွက်တွင်အထက်တန်းကျောင်း(မြို့မ)(၁)ကျောင်း၊ သရက်တပင်ရွာဘုန်းကြီးကျောင်း၊ ထိန်သေးရွာတွင် လူနေအိမ်(၆)လုံးlအုတ်တန်းရွာတွင်နေအိမ်(၁၃)အိမ်၊ သက်ငယ်ပြင်ရွာနေအိမ်(၁)လုံး၊ ရွာသာကုန်းအုပ်စုတွင် နေအိမ်(၅)လုံး၊ ကျောက်ခွက်အုပ်စုနေအိမ်(၁)လုံး၊ တံခွန်တိုင်ကျေးရွာအုပ်စုတွင်နေအိမ်(၃)လုံး၊ အဆိုပါလေပြင်းတိုက်ခိုက်မှုကြောင့်နေအိမ်(၁၇၅)လုံး၊ ဘုန်းတော်ကြီးကျောင်း(၂)ကျောင်း၊ အထက်တန်းကျောင်း (၁)ကျောင်း၊ အမိုးလန်ပျက်ဆီးခဲ့ပြီးနေအိမ်(၁၀)လုံး ပြိုလဲပျက်ဆီးခဲ့သဖြင့်စုစုပေါင်းဆုံးရှုံးမှုတန်ဘိုး(၁၁၂၆၄၅၀၀)ကျပ်ဖြစ်ကြောင်းနှင့်လေဘေးသင့်ပြည်သူများအားနီးစပ်ရာဆွေမျိုး သားချင်းများ၏နေအိမ်များတွင်ယာယီပြောင်းရွှေ့နေထိုင်လျှက်ရှိပြီးဇီးကုန်းလေးရပ်ကွက်အတွင်းရှိလေဘေးသင့်ပြည်သူအိမ်ခြေ(၆၅)လုံးရှိမိသားစုဝင်များသည်မြို့လယ်ဘုန်းကြီးကျောင်းဓမ္မာရုံတွင်ယာယီနေထိုင်လျှက်ရှိကြောင်း၊ လေပြင်းတိုက်ခိုက်မှုကြောင့် လူနှင့်တိရိစ္ဆာန်များထိခိုက်သေဆုံးမှုမရှိကြောင်းနှင့်မြို့နယ်မှ တာဝန်ရှိသူများကအချိန်နှင့်တစ်ပြေးညီပံ့ပိုးကူညီဆောင်ရွက် ပေးလျှက်ရှိကြောင်းသိရသည်။

တင်မြင့် နတ်တလင်း
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
နတ်တလင်းမြို့နယ်တွင် မိုးသည်းထန်ရွာသွန်းပြီး လေပြင်းတိုက်ခိုက် နတ်တလင်းမြို့နယ်တွင် မိုးသည်းထန်ရွာသွန်းပြီး လေပြင်းတိုက်ခိုက် Reviewed by THITHTOOLWIN on 16:14 Rating: 5
Powered by Blogger.