ဥတ္တရသီရိမြို့နယ်တွင် ယာဉ်ကျော်တက်ရာမှ နောက်တံခါးပြုတ်ထွက်ကာလူတစ်ဦး သေဆုံး


ဥတ္တရသီရိ မေ ၂၁

နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ လဲဝန်းကျေးရွာနေပြည်တော်-တောင်တွင်းကြီးလမ်းမိုင်တိုင် ၃၀/၆ နှင့် ၃၀/၇ ကြားတွင် ယနေ့နံနက် ၈ နာရီ ၅၀ မိနစ်ခန့်ကFAW ကားယာဉ်မှ ထွန်စက်အားကျော်တက်ရာနောက်တံခါးဂျက်ပြုတ်၍ ထွန်စက် မောင်းနှင်လာသူအားထိမိကာနေရာ၌ အမျိုးသားတစ်ဦး နေရာတွင်သေဆုံးကြောင်းသိရသည်။

နေပြည်တော်မှတောင်တွင်းကြီးဘက်သို့ မင်းကုန်းကျေးရွာတွင် နေ မောင်ကိုကိုဦး၊ (၂၅)နှစ် ဥတ္တရသီရိမြို့နယ်၊ မောင်းနှင်လာသော FAW အမျိုးအစားအပြာရောင်ယာဉ်သည် လာရားတူမောင်းနှင်လာသော ဥတ္တရသီရိမြို့နယ်၊ လဲဝန်းကျေးရွာတွင်နေ ဦးဝင်းသိန်း၊ (၅၇)နှစ် မောင်းနှင်လာသည့် လယ်ယာသုံးထွန်စက်အသေးစားအပြာရောင် အနှေးယာဉ်အားကျော်တက်စဉ် FAW ကားအပြာရောင်ယာဉ်၏ နောက်ပိတ်တံခါးရုတ်တရက်ပြုတ်ထွက်ကာထွန်စက်မောင်းနှင်သူ
ဦးဝင်းသိန်းအားထိခိုက်မိပြီး ဒဏ်ရာများရရှိကာအခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်းသိရသည်။

အောင်ကို(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဥတ္တရသီရိမြို့နယ်တွင် ယာဉ်ကျော်တက်ရာမှ နောက်တံခါးပြုတ်ထွက်ကာလူတစ်ဦး သေဆုံး ဥတ္တရသီရိမြို့နယ်တွင် ယာဉ်ကျော်တက်ရာမှ နောက်တံခါးပြုတ်ထွက်ကာလူတစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 01:31 Rating: 5
Powered by Blogger.