စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့တွင် ယာဉ်တိမ်းမှောက်မှုကြောင့် ၁ ဦးသေ၊ ၉ ဦးဒဏ်ရာရ

အမြန်လမ်းမကြီးတွင် ယာဉ်တိမ်းမှောက်နေမှုအားတွေ့ရစဉ်(ရဲဇာနည်)
ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ)

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ကနဲ-ဘုတလင်ကားလမ်း မိုင်တိုင်(၁၅/၁)၌ မေလ ၂၈ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်အချိန်တွင် ယာဉ်တိမ်းမှောက်မှုကြောင့် ၁ ဦးသေ၊ ၉ ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။

မုံရွာမှ ပလ္လင်ကျေးရွာသို့ မောင်းနှင်လာသော 3N/××× Toyoace ၆ ဘီးယာဉ် သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်သို့ ထိုးကျတိမ်းမှောက်သွားခဲ့သဖြင့် ယာဉ်ပေါ်ရှိ အမျိုးသမီးတစ်ဦးသည် ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး၊ ကျန် ၉ ဦးတွင် ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်ပြီး ယာဉ်မောင်းအား ကနီမြို့မရဲစခန်း ယာဉ်(ပ) ၁၄/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့တွင် ယာဉ်တိမ်းမှောက်မှုကြောင့် ၁ ဦးသေ၊ ၉ ဦးဒဏ်ရာရ စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့တွင် ယာဉ်တိမ်းမှောက်မှုကြောင့် ၁ ဦးသေ၊ ၉ ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 00:52 Rating: 5
Powered by Blogger.