မော်လူး ဘူတာရုံသံလမ်းအရှေ့ကားလမ်းပေါ်တွင် ဓါးကိုင်သောင်းကျန်းသူကို အမှုဖွင့်အရေးယူ


မော်လူး မေ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူး ဘူတာရုံသံလမ်းအရှေ့ ကားလမ်းပေါ်တွင် အမျိုးသားတစ်ဦးဓါးကိုင်ရမ်းကားနေသဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ကြောင်းသိရသည် ။

ဖြစ်စဉ်မှာ မေ ၂၃ရက် နေ့လယ် ၁နာရီ ၁၅မိနစ် အချိန်က မော်လူးနယ်မြေရဲတပ်ဖွဲ့စခန်းမှ နယ် ထိန်းခေါင်းဆောင် တပ်ကြပ်နိုင်ဝင်းစိန် ရဲတပ် သားကျော်သူဝင်းတို့သည် သက်သေမော်လူးမြို့မင်းသုခရပ်ကွက် အုပ်ချုပ်ရေးမှူးဦးစိုးလွင်နှင့်ရာအိမ်မှူးများပါဝင်သောအဖွဲ့တို့နှင့်အတူ မော်လူးဘူတာရုံသံလမ်းအရှေ့ကားလမ်းပေါ်တွင် အမျိုးသားတစ်ဦးဓါးကိုင်၍ရမ်ကားနေကြောင်းသတင်းအရ သွားရောက်ဖမ်းဆီးရာ အခင်းဖြစ်ပွါးရာနေရာတွင် ဇော်ဝမ်း ၂၇ နှစ် သည် အရိုးအသွား ၁၈ လက်မခန့်ရှိ ဓါးအိမ်ပါသောဓါးဦးချွန်ဖြင့် ရမ်းကားနေသည်ကိုတွေ့ရှိရသောကြောင့် ၎င်းအားဖမ်းဆးထိန်းသိမ်းခဲ့ပြီး သက်သေများရှေ့မောက်တွင် ရှာဖွေပုံစံရေးသွင်း၍ ရဲတပ် ကြပ်နိုင်ဝင်းစိန်က တရားလိုပြုလုပ်ကာ အမှုရေးဖွင့်ခဲ့သည် ။

ဖြစ်စဉ်ကြောင့် အများသူငှာလမ်းမကြီးပေါ်တွင်ဓါးကိုင်ရမ်းကားသူ ဇော်ဝမ်းအား မော်လူးနယ်မြေရဲစခန်းကအမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်းသိရသည် ။

နီတိုး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မော်လူး ဘူတာရုံသံလမ်းအရှေ့ကားလမ်းပေါ်တွင် ဓါးကိုင်သောင်းကျန်းသူကို အမှုဖွင့်အရေးယူ မော်လူး ဘူတာရုံသံလမ်းအရှေ့ကားလမ်းပေါ်တွင် ဓါးကိုင်သောင်းကျန်းသူကို အမှုဖွင့်အရေးယူ Reviewed by THITHTOOLWIN on 07:24 Rating: 5
Powered by Blogger.