မတူကွဲပြားမှုတွေအကြား ငြိမ်းချမ်းတဲ့ဘ၀ တည်ဆောက်ဖို့ အတိုင်ပင်ခံတိုက်တွန်း

နေပြည်တော် သင်္ဂဟဟိုတယ်မှာ ၂၀၁၉ မေ ၇ ရက်နေ့ကကျင်းပတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံငြိမ်းချမ်းရေး(ငြိမ်းချမ်းမေတ္တာ)ရဲ့ အကြံပြုစကားဝိုင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အမှာစကားပြောကြားစဉ် /Photo: Myanmar State Counsellor Office
မတူကွဲပြားတဲ့ ဘာသာတွေအချင်းချင်း အပြန်အလှန် နားလည်ယုံကြည်မှုထားပြီး ငြိမ်းချမ်းတဲ့ဘ၀တွေ ကြိုးပမ်းတည်ဆောက်ဖို့  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းလိုက်ပါတယ်။

နေပြည်တော် သင်္ဂဟဟိုတယ်မှာ ဒီကနေ့ကျင်းပတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံငြိမ်းချမ်းရေး(ငြိမ်းချမ်းမေတ္တာ)ရဲ့ အကြံပြုစကားဝိုင်း အဖွင့်မိန့်ခွန်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က အခုလိုတိုက်တွန်းခဲ့တာပါ။

ဒါ့အပြင် ဘာသာရေးပဋိပက္ခတွေ မဖြစ်အောင် ကာကွယ်တားဆီးဖို့၊ နိုင်ငံတည်ဆောက်ရေးမှာ ဘာသာတရားတွေရဲ့ သွန်သင်ချက်နဲ့အညီ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း တိုက်တွန်းပါတယ်။

နှစ်ရက်တာကျင်းပမယ့် အဲဒီဆွေးနွေးပွဲမှာ ပညာရေး၊ အမျိုးသမီး၊ လူငယ်၊ လူနည်းစုအရေးနဲ့ ရခိုင်ပြည်နယ်ရဲ့ ဘုံစိန်ခေါ်မှုတွေဆိုပြီး အချက် ၅ ချက်ဆွေးနွေးကြမှာဖြစ်ပါတယ်။

အခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပြင် ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနဲ့ ဘာသာပေါင်းစုံအကြီးအကဲတွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။

RFA Burmese
https://www.rfa.org/burmese
မတူကွဲပြားမှုတွေအကြား ငြိမ်းချမ်းတဲ့ဘ၀ တည်ဆောက်ဖို့ အတိုင်ပင်ခံတိုက်တွန်း မတူကွဲပြားမှုတွေအကြား ငြိမ်းချမ်းတဲ့ဘ၀ တည်ဆောက်ဖို့ အတိုင်ပင်ခံတိုက်တွန်း Reviewed by THITHTOOLWIN on 01:15 Rating: 5
Powered by Blogger.